သူငယ်ချင်းရေ . . .
တစ်နေရာစီ ဝေးမြေရပ်ခြားရောက်နေရလို့
onlineနဲ့ facebook သုံးရတာကို
သိမ်ငယ်တယ်လို့ မထင်စေချင်ဘူး၊
သူငယ်ချင်းရေ . . .
ဝေးသီ ခေါင်ပါး ခြောက်သွေ့မြေသို့
ချည့်နဲ့ယာဉ်စီး မိုးဆောင်းနွေအပြီး
ကျောင်းခေါ်ချိန် ၇၅%ပြည့်မီအောင်တက်ခဲ့တာကိုတော့
တကယ် ချီးကျုးတယ်ကွာ။
သူငယ်ချင်းရေ . . .
သက္ကရာဇ် ၂၀၀၅ထုတ် yearbookမှာ
ကွန်ပျုတာစာစီနဲ့ စာမျက်နှာ အပြင်အဆင်အရ
(၄)ယောက် တစ်မျက်နှာစီ သီးခြား ရပ်တည်ခဲ့ရပေမယ့်
တို့တတွေရဲ့ စည်းလုံးမှု ပြယုဂ်အတွက်
စမ်းစစ်မှုလေးတစ်ခုတောင် လုပ်ဆောင်စရာ မလိုပါဘူးနော်။
သူငယ်ချင်းရေ . . .
အခါအခွင့် အကြောင်းသင့်လို့
တို့ကျောင်းမဟာ ကွန်ပျူတာသို့
အရောက်လှမ်းခွင့်ရခဲ့ရင်ဖြင့်
ဘာမှ မမှာတော့ပါဘူး။
ဂုံးဆင်းပဲ ၀အောင်သောက်ခဲ့။ :)
သူငယ်ချင်းရေ . . .
စိတ်ပျက် လက်မှိုင် ငေးငိုင်နေမယ့်အစား
ရင်ဆိုင် တွန်းလှန် ဖြေရှင်းလိုက်ပါလား။
14 batch (14+batch & 14-batch)မှ သူငယ်ချင်းများသို့ ရည်ညွှန်းလိုသည်။
ကိုကို (ရန်ကုန်ကွန်ပျုတာတက္ကသိုလ်)
Monday, August 30, 2010
Sunday, August 29, 2010
Wednesday, August 18, 2010
Wednesday, April 21, 2010
Friday, March 19, 2010
Wednesday, March 17, 2010
တမ်းတခြင်း အမှတ်(၁၄)
ရန်ကုန် UCSY မှာ M.Sc တက်တုန်းက
သယ်ရင်းတွေနဲ့ ပျှော်ရွင်ခဲ့တဲ့
ပုံရိပ်လေးကို သတိရမိတယ်။
အများသူငါတွေလို မခမ်းနားတတ်တဲ့ အခါ
စဉ်းစားမယ်ဆိုရင်တော့ ရင်နင့်စရာ
တွေးကာမှ ခံစားမှုပိုရတယ်။
အိပ်မက်တွေအဖြစ်သာ နောက်တစ်ခေါက်လောက်
ပြန်လည် ခံစားခွင့်ရမယ်ဆိုရင်ဖြင့်
နိုးထမှုကို တဒင်္ဂအတွက် စွန့်လွတ်ကာ
ညကာလကြာရှည်ပါစေလို့
ဆုတောင်းမိမှာ အမှန်ပဲ။
ကိုကို (ရန်ကုန်ကွန်ပျုတာတက္ကသိုလ်)
သယ်ရင်းတွေနဲ့ ပျှော်ရွင်ခဲ့တဲ့
ပုံရိပ်လေးကို သတိရမိတယ်။
အများသူငါတွေလို မခမ်းနားတတ်တဲ့ အခါ
စဉ်းစားမယ်ဆိုရင်တော့ ရင်နင့်စရာ
တွေးကာမှ ခံစားမှုပိုရတယ်။
အိပ်မက်တွေအဖြစ်သာ နောက်တစ်ခေါက်လောက်
ပြန်လည် ခံစားခွင့်ရမယ်ဆိုရင်ဖြင့်
နိုးထမှုကို တဒင်္ဂအတွက် စွန့်လွတ်ကာ
ညကာလကြာရှည်ပါစေလို့
ဆုတောင်းမိမှာ အမှန်ပဲ။
ကိုကို (ရန်ကုန်ကွန်ပျုတာတက္ကသိုလ်)
Friday, March 12, 2010
I Love Exam
Subscribe to:
Posts (Atom)

