Saturday, November 29, 2008

Virus .. .. ... !

virus အကြောင်းတွေကမသိလို့လားမသိဘူးစိတ်ဝင်စားဖို့ကောင်းပါတယ် love virus ကတော့သိပ်တော့အလုပ်မလုပ်ပါဘူး အေးဆေးပါပဲ ဒါပေမယ့်သူက 23 ၇က်နေ့မှ သူ့ရဲ့massage ပေါ်မယ်တယ့် virus ဆိုတာမရှိတာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှုပ်ပြီး hardisk တွေနာပြီး မီတာလဲကုန်ပါတယ်ဗျို့ services သမားတွေအတွက် တော့ ၀င်ငွေကောင်းပါတယ် ဆိုးလိုက်တဲ့ virus တွေရှိသလို joke virus တွေကလဲကြောင်တောင်တောင်တွေပါပဲ မရှိလည်းကောင်း ရှိလည်းမကောင်းပါပဲ ဆိုးဝါးတဲ့virus တွေကိုတော့ဆဲဆိုပြောရင် မိုက်ရမ်းကုန်တော့မယ် ဟိုမရောက်ဒီမရာက်virus တွေကိုတော့ စိတ်ရှုးပေါက်ပြီးရေးထားတဲ့အရှုးထက်သာတဲ့ကောင်တွေပေါ့အဲဒီကောင်တွေကိုလမ်းမှာတွေ့ရင်ပိတ်သာရိုက်ပစ်လိုက်ပါဗျို့ ပိုးတွေကိုရှင်းရတာသဘောကျတဲ့သူတွေအတွက်ကတော့ပြဿာနာမရှိပါဘူးရှငိးမနိုင်၊data တွေပျက်စီး ကုန်လို့စိတ်ညစ်ရတဲ့သူတွေကလဲများမှများပါပဲ ပျော်စရာကောင်းတယ်လို့ထင်တဲ့သူအတွက်ကလည်းပြဿနာမရှိနိုင်ပါဘူး ဒါပေမယ့် လွမ်းနေရတဲ့သူတွေအတွက်ကတော့ virus ကို -+-#@!r မိနေကြပါတယ်ဗျာ........ရေးနိုင်တဲ့သူတွေကလဲရေးကြပေါ့ မရေးနိုင်တေဲ့သူတွေကလဲလန့်နေကြရတာပေါ့ စိန်ခေါ်တဲ့သူတွေကလဲစိန်ခေါ်နေကြတယ်........ကြားထဲကအိုင်တို့ကမြေဇာပင်ဖြစ်တော့မယ် ဖျက်လိုဖျက်ဆီးလုပ်တဲ့ကောင်တွေကိုတီးပစ်....တီးလိုမရရင် x=+*@! ပစ်လိုက်!နောက်ဆုံးပြောချင်တာကတော့ virusအားလုံးကို..............................................................ကြောက်တယ်လို့ပြောတာနော်

သိထားသင့်တဲ့ စင်ကာပူ နေထိုင်မှုစနစ်

စင်ကာပူရဲ့ နေထိုင်မှုစနစ်ကတော့ အတော်ပဲ ရိုးရှင်းပြီး customize လုပ်ခွင့်နည်းပါးတာကို တွေ့ရပါတယ်။ နေရာတိုင်းမှာ တွေ့ရတတ်တဲ့ အစိုးရတိုက်ခန်း (HDB Flat) တွေ၊ ရန်ကုန်က ကွန်ဒိုတွေလောက် မခမ်းနားတဲ့ အဆင့်မြင့်တိုက်ခန်းကွန်ဒိုတွေနဲ့ လုံးချင်းအိမ် အနည်းအကျဉ်းသာ ရှိပါတယ်။ အထပ်မြင့်မြင့်တွေ ဆောက်ထားလေ့ရှိတဲ့ HDB တိုက်တွေတိုင်းမှာ ဓါတ်လှေခါး၊ အမှိုက်သွန်တဲ့စနစ်၊ Cable TV စနစ်၊ Gas ပိုက်လိုင်း၊ ဖုံး၊ ရေပူရေအေးစနစ် စတာတွေ အဆင်သင့်ပါတတ်ပြီး တော်တော်ဟောင်းတဲ့ တိုက်အချို့မှာသာ Gas ပိုက်လိုင်း မပါတာမျိုး ရှိတတ်ပါတယ်။ ဓါတ်လှေခါးဆိုလည်း အထပ်တိုင်းမှာ မရပ်တာမျိုးရှိတတ်ပါတယ်။ ကျန်တာတွေကတော့ တိုက်ခန်းမှန်ရင် အပြည့်အစုံ ပါတာတွေချည်းပါပဲ။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပါတဲ့ တိုက်ခန်းတွေကို 2+1 လို့ သုံးနှုန်းကြပြီး 3+1 ဆိုရင် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်းပါ။ ဒီနေရာမှာ တိုက်ခန်းနဲ့ ပတ်သတ်ပြီး စင်ကာပူရောက် မြန်မာတွေ အခန်းငှားကြတာ၊ အတူစုပေါင်းနေကြတာလေးတွေကို ဖေါ်ပြချင်ပါသေးတယ်။
အိမ်ငှားကြတယ်ဆိုပေမယ့် တကယ်တော့ ကျောတခင်းစာ၊ လူတစ်ယောက်စာကိုပဲ အဓိကငှါးကြတာများပါတယ်။ အိမ်ငှားတဲ့အခါမှာ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာကို အဓိက ဦးစားပေးရှာကြရသလို ဈေးနှုန်းသက်သာတဲ့ အိမ်ခန်း၊ လူသိပ်မများတဲ့ အိမ်ခန်းကိုလည်း ရွေးရပါတယ်။ အိမ်ရှင် စင်ကာပူလူမျိုး၊ မလေးရှားလူမျိုးတို့နဲ့ အတူနေရတဲ့ အခန်းတွေ ရှိသလို မြန်မာအိမ်ရှင်နဲ့ နေရတဲ့ အိမ်တွေလည်း ရှိပါတယ်။ အိမ်ရှင်တွေက Master Bedroom လို့ခေါ်တဲ့ ရေချိုးခန်းတွဲပါတဲ့ အခန်းတွေမှာ နေလေ့ရှိပြီး အိမ်ငှါးတွေကတော့ သာမန်အခန်းတွေမှာ ၂ ယောက်တစ်ခန်း၊ ၃ ယောက်တစ်ခန်း စသည်ဖြင့်နေကြပါတယ်။ တချို့မြန်မာတွေကတော့ အိမ်ရှင်ဆီကနေ တစ်အိမ်လုံးငှါးပြီး အခန်းလေးတွေကို ပြန်ငှါးတတ်ကြပါတယ်။ အဲဒီလူမျိုးကို သူကြီးလို့ ခေါ်ကြပြီး သူက အိမ်လခ၊ ရေဖိုး၊ မီးဖိုး စတာတွေကောက်ခံ စုဆောင်းပေးရလေ့ရှိပါတယ်။ ရံဖန်ရံခါ အိမ်ငှါးချင်းတက်တဲ့ ပြဿနာတွေကိုလည်း ရှင်းပေးရတတ်ပါတယ်။အိမ်ခန်းကတွေက နေရာလိုက်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ အဓိကကတော့ မြို့ထဲနဲ့ နီးတဲ့နေရာ၊ ဘူတာနဲ့ နီးတဲ့နေရာဆို အိမ်ဈေးတွေ ကောင်းပါတယ်။ တစ်အိမ်လုံးငှါးရင် SGD1800~2300 ကြားလောက်ပေးရတတ်ပြီး အိမ်ကောင်းရင်၊ နေရာကောင်းရင် ပိုများတတ်ပါတယ်။ ၂ ယောက်တွဲနေရမယ့် အခန်းငယ်တစ်ခန်းစီအတွက် တစ်ယောက်ကို ၂၈၀-၃၇၀ လောက်ပေးရတတ်ပါတယ်။ စဖေါ်တစ်လစာလည်း ပေးရပါတယ်။ PUB လို့ခေါ်တဲ့ ရေခွန်၊မီးခွန်၊ဂက်စ်ခွန်ကတော့ အိမ်ရှင် အနေအထားကို လိုက်ပြီး တခါတလေ အပြီးအစီးပါတတ်ပြီး တခါတလေတော့ ထပ်ဆောင်းပေးရတတ်ပါတယ်။ Internet ကတော့ Optional သဘောမျိုးဖြစ်ပြီး သုံးမယ်ဆို SGD20 လောက် ထပ်ပေးရတတ်ပါတယ်။ မြန်မာတွေကတော့ Boonlay, Jurong East, Clementi, Woodlands, Ang Mo Kio, Toa Payoh, Eunos, Serangoon, Senkeng, Tampines စတဲ့ အရပ်တွေမှာ အနေများပါတယ်။ ပုံမှန် HDB အခန်းအတော်များများကတော့ အခန်းအနေအထား မဆိုးလှပါဘူး။ သိပ်မကျဉ်းသလို၊ ကျုယ်လှတယ်လို့လည်း မဟုတ်ပါဘူး။ အိမ်တွေရဲ့ အခင်းက ကျောက်ပြားခင်းတွေ ဖြစ်ပါတယ်။ အခန်းငှါးတဲ့အခါ ပုံမှန်အားဖြင့် ကုတင်၊ မွေ့ယာ၊ ပန်ကာ၊ အဝတ်ဘီရိုနဲ့ စာကြည့်စားပွဲလောက်တော့ ပါပါတယ်။ တအိမ်လုံးငှါးတယ်ဆိုရင်တော့ ဧည့်ခန်းအဆောင်အယောင်တွေနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ တွဲပါရပါတယ်။ အခန်းတစ်ခန်းကို ၂ ယောက်တွဲနေကြမယ်ဆိုရင် ချက်ပြုတ်ခွင့်ရမရ၊ ဆေးလိပ်သောက်ခွင့်၊ ဧည့်သည်လာခွင့် စတာတွေကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။ အရင်က ယောက်ျားလေးတွေချည်းပဲနေကြ၊ မိန်းကလေးတွေချည်းပဲ နေကြပေမယ့် ခုနောက်ပိုင်းမှာတော့ 2+1 အိမ်မှာ ယောက်ျားလေးတွေက တစ်ခန်း၊ မိန်းကလေးတွေက တစ်ခန်းစုနေတာမျိုးတွေ ရှိလာပါတယ်။ စင်ကာပူရောက် မြန်မာအများစုဟာ အလုပ်နဲ့ကျောင်းကို အချိန်ပြည့်နီးပါး အချိန်ပေးနေရလို့ အိမ်ပြန်ရောက်တဲ့အခါ အိပ်ရုံလောက်ပဲ အသုံးချရတတ်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ခန်း၊ မိန်းမတစ်ခန်းနေလည်း ပြဿနာမရှိလှဘူးလို့ တွေးလာကြတာလည်း ဖြစ်ပါတယ်။ အိမ်ခန်းလိုချင်တဲ့အခါ အချင်းချင်း နီးစပ်ရာမေးကြသလို ပင်နီစူလာပလာဇာက သပြေနုဆိုင် (ဒေါ်သန်းသန်းနုဆိုင်၊ ၅ လွှာ)လို၊ Clementi က ကောင်းစုံလို ဆိုင်တွေမှာ အခန်းလိုချင်တဲ့ လူတွေနဲ့ အခန်းလွတ်ရှိတဲ့လူတွေ သတင်းပေးတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲဒီမှာ သွားရှာပြီး ဖုံးကိုဆက်မေး၊ အိမ်သွားကြည့်နဲ့ အဆင်ပြေတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Online မှာ Website တွေတင်ပြီးလည်း အခမဲ့ ကူညီကြပါတယ်။မြန်မာအများစုကတော့ အထက်မှာရေးခဲ့တဲ့အတိုင်း HDB အခန်းတွေမှာသာ နေလေ့ရှိပြီး JTC လို့ခေါ်တဲ့ နည်းနည်းဈေးသက်သာတဲ့ အခန်းတွေမှာလည်း နေလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒိုတွေမှာတော့ နေခဲလှပါတယ်။ အခန်းခဈေးကြီးသလို ကွန်ဒိုအများစုဟာ ဘူတာနဲ့ အတော်လေးလှမ်းတဲ့နေရာတွေမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိတတ်လို့ပါပဲ။ ကွန်ဒိုမှာနေသူတွေအနေနဲ့တော့ ရေကူးကန်၊ အားကစားခမ်းမ စတဲ့ အထူးခံစားခွင့်တွေကိုလည်း ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Public Transport လို့ခေါ်တဲ့ ရထား၊ ဘတ်စ်ကားတွေကို အားကိုးနေရသူတွေ များနေဆဲဖြစ်လို့ HDB ဒါမှမဟုတ် JTC အခန်းတွေကသာ အဆင်ပြေတတ်ကြောင်း ဖေါ်ပြလိုက်ရပါတယ်။

Sunday, November 23, 2008

ယောက်ျားတွေ ဘာကြောင့် လိမ် ကြသလဲ ..အကြောင်းကတော့

မြန်မာ့လူမှုဆက်ဆံရေးမှာ မိန်းမ မာယာ သဲကိုးဖြာ လို့  ဆိုတဲ့စကား ရှိတယ်။ ဒါပေမဲ့  လူမှုရေးသိပံ္ပပညာရှင် အမ်၊ ဂရေ နယူမန်း ( M. Gary Neuman ) ရဲ့  သုတေသနပြုချက်အရ ယောက်ျားတွေ မှာလည်း လိမ်နည်း ပေါင်း ၂၀၀လောက် ရှိတယ်လို့  ဆိုပါတယ်။ သူ့ ရဲ့ သုတေသန တွေ့ ရှိချက် အရ ၄၈ ရာခိုင်နှုန်းသော ယောက်ျာားတွေက အလိုမကျတဲ့ ခံစားမှု ( Emotional Dissatisfaction) ကြောင့် လိမ်ကြတယ်လို့ ဆိုပါတယ်။ ဒါက အဓိက အကြောင်းတချက်ဖြစ်တယ်။ ဒီထဲက ၈ ရာခိုင်နှုန်းလောက်ကတော့ မိမိရဲ့ အမျိုးသမီး ရဲ့ရုပ်ပိုင်းဆိုင်ရာ ပေါ်မှာ အလိုမကျမှုကြောင့်ဖေါက်ပြန်ကြတာလို့ ဆိုပါတယ်။
တချို့ကတော့ဒီနေ့ ကျနော်တို့ ယဉ်ကျေးမှုလို ဖြစ်နေတာ ယောက်ျားဟာ အမှန်အကန်လေးတယောက်နဲ့  ပျော်ရွှင်မှုသုခကို ခံစားးဖို့ လိုပါတယ်လို့ ဆိုတယ်။ ယောက်ျားဆိုတာ ခံစားချက်နောက် ကိုကောက်ကောက်ပါ အောင်လိုက် နေတဲ့သတ္တ၀ါ တကောင် ကိုးဗျ လို့ နယူမန် က ဆို ပါတယ်။ ယောက်ျားတွေက သူ တို့ မိန်းမ တွေ အထင်ကြီးတာကိုခံချင်သတဲ့။ သူပတ်သက်ခဲ့ရတဲ့ ပြဿနာတွေ၊ အလုပ်အကိုင်နဲ့ စွန့် စားမှုတွေ၊ ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်ဆိုတာကိုလည်း မိန်းမ လုပ်သူရဲ့ နားလည်မှု ကိုလည်းခံယူတော်မှုချင်တယ်လေ။ ပြဿနာကတော့ ယောက်ျားက မိန်းမလို တွတ်တပိုး ထိုး ကာ သူ့ခံစားချက်တွေကို ဖေါ်ပြဖို့ က ခက်နေတယ်လေ။ နယူမန်အကြံပေးတာက နင့်ကောင် အီစကလီလေး ဘာလေး လိုနေတာ၊ နင် အမြဲတမ်း မသိနိင်ဘူး နော်။ ယော က်ျားတော်တော်များများက ဒါကို ယော က်ျားမပီသဘူးထင်ပြီး ချုပ်တီးနေတတ်တယ်။ ခွေးလေးတကောင်လို ကျောလေးပွတ်ပေးပါလို့ မဖော်ပြချင်ပြန်ဘူး။ တကယ်က တော့သူ က ပွတ်သပ်မှု လေးလိုနေတာ ၊ သက်သက်ဟန်ဆောင်နေတာ။ ဒီတော့ ညဉ်း အနေနဲ့ က လက်ဆောင်လေးဘာလေးပေး ၊ လေးနက်တဲ့အကြံတွေကို ညွှန်းဆို၊ ဒီလို မင်းဖက်က ပြင်ဆင်မှုလုပ်လာတာနဲ့  မင်းရဲ့  ချစ်သူဟာ မင်းနဲ့ ဓါတုဇီဝမျှတလာလိမ့်မယ်။

၆၆ ရာခိုင်နှုန်း ယောက်ျားတွေက တပါးသူနဲ့ မှောက်မှား နေစဉ်မှာ တော့ အပြစ်ရှိသလိုခံစားတတ်ကြပါတယ်။ သူ့ရဲ့ သုတေသနတွေ့ရှိတဲ့ အချက်ကတော့ နည်းနည်းတော့ဖြုံစရာပဲ။၆၉ ရာခိုင်နှုန်းသော လိမ်တဲ့သူတွေဟာ ဘယ်တော့မှာ သစ္စာဖေါက်လိမ့်မယ်လို့ အိမ်မက်တောင်မမက်ဘူး၊ သူဟာဒါမျိုးလုပ်ခဲ့တယ်လို့ တောင် မယူဆဘူး။ အပြစ်ရှိသလို ခံစားချက် သိရုံနဲ့  လိမ်တာကိုရပ်အောင်လုပ်လို့ မရနိုင်ဘူး လို့  နယူးမန်က ဆိုပါတယ်။ သူတို့ ခံစားချက်ကို သူတို့ မထိမ်းနိုင်ကြဘူး။ နောက်တော့ ခွေးမီးကောက်ကျည်တောက် စွပ်ပါပဲတဲ့။ ညဉ်းလူက နောက်ကို မလုပ်တော့ပါဘူး ဘုရားစူး မိုးကြိုးပစ်လို့ ကျိန် ရင်တောင်မှ ဒါမျိုးတော့ မဖြစ်တော့ဘူးလို့  မယုံလိုက်လေနဲ့ ၊ ဒီလိုကြောင့် ကောင်းမွန်တဲ့  ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့  ညဉ်း တို့  နစ်ယောက်စလုံးက ဖန်တီးရမှာဖြစ်ပါတယ်။

သုတေသနတွေ့ ရှိချက်အရ ၇၇ ရာခိုင်နှုန်းသော လိမ်တတ်တဲ့ ယောင်္ကျားမှာ သူအလွန်ခင်တဲ့ လိမ်တတ်တဲ့ သူငယ်ချင်းကောင်း ရောင်းရင်းကြီး တယောက်တော့ ရှိနေတတ်တယ်။ သူတို့ လိမ်တာကို ပုံမှန်သဘာဝတခုလို တရားဝင်လိုလို ဖြစ်အောင် လုပ်ပေးလေ့ရှိတယ်။ နယူမင်း ကလူတယောက်ကို အင်တာဗျူးလုပ်တယ်။ အဲ့ ဒီလူက သူငယ်ချင်းတယောက် ရှိတယ်။ သူ့မိန်းမကိုသိပ်လှိမ့်တယ်။ အလားတူပဲ ကျနော်လည်း လုပ်တယ်လို့ ဆိုတယ်။ ဒီတော့ ညဉ်းယောက်ကျားကို ဒီလိုသူငယ်ချင်းနဲ့ မပေါင်းရဘူးလို့  တားမြစ်ဖို့ ကတော့ မဖြစ်နိင်ဘူး။ ဒါပေမဲ့ညဉ်းက ဒီလို လုပ်လို့ ရတယ်။ သူတို့ သွားနေကြ လာနေကြ ပတ်ဝန်ကျင်းတွေကို ပြောင်းလဲဖို့ အကြံပေးပါ။ သူတို့ သွားနေကြ အနှိပ်ခန်းတို့ ၊ နိုက်ကလပ်တို့ ၊ဂျင်ဝိုင်းတို့ လို နေရာမျိုးတွေ အစား လူကြီးလူကောင်းတွေ သွားလာစားသောက်တတ်တဲ့  စားသောက်ဆိုင်တို့  စာကြည့် တိုက်တို့ လူမှုရေးအကူညီပေးလုပ်ငန်းတွေ၊နိုင်ငံရေးလှုပ်ရှားမှု မျိုးတွေ ကိုသွားဖို့  တိုက်တွန်းသင့်တယ်။ နောက်ထပ် ဗျူဟာ တမျိုးကတော့ အောင်မြင်နေတဲ့ လင်မယား တွေရဲ့ အိမ်တွေကို ညဉ်းခင်ပွန်းနဲ့ အတူ သွားလည်ပတ်တာမျိုး၊ မိတ်ဖွဲ့ ပေါင်းသင်းတာမျိုးတွေပေါ့။
ဟဲ့ အေးစိန်.... ၄၀ ရာခိုင်နှုန်းသော ယောက်ျားတွေက နောက်မိန်းမ အသစ်ကို အလုပ်မှာတွေ့ သတဲ့။ ဒီမိန်းမတွေက သူ့ကို အထင်ကြီးတဲ့သူတွေ၊သူ့ကို သူရဲကောင်းကြီးလို အထင်ကြီးတဲ့ သူတွေ ဖြစ်နေတတ်တယ်။ ကံကောင်းတာကတော့ ဒီလိုဖြစ်လာရင် ယောက်ျားတွေက အချက်ပြလာတတ်တယ်။ ညဉ်းယော က်ျားက ဒီအမျိုးသမီးကိုချီးကြူးတာ၊ သူ့နာမည်ကို ဖေါ်ပြတာတွေဖြစ်လာတတ်တယ်။ ဒီအချိန်မှာ တော့ ညဉ်းက အင်တာနာကို မြှင့်ထား လိုက်ပေတော့။ ဒီအချိန်မှာ ကိုယ်က နယ်နိမိတ်သတ် မှတ်မှု လုပ်ဖို့ လိုလာပြီ။ ဘာကိုလုပ်နိင်တယ်။ ဘာကိုမလုပ်နိင်ဘူး ဆိုတာ တိတိကျကျ ရှင်းပြထားပေတော့။ အလုပ်မှာ ဒီအမျိုးသမီးနဲ့ နောက်ကျ နိုင်တယ်၊ မနိုင်ဘူး။ ဒီအမျိုးသမီးနဲ့ အလုပ်ကိစ္စ အတွက် ခရီးထွက်နိုင်တယ် မထွက်နိုင်ဘူး ။ အလုပ်ကိစ္စအတွက် ဒီအမျိုးသမီးနဲ့ အတူစားနိုင်တယ် မစားနိုင်ဘူး။ ညဉ်း နဲ့ ဒီအမျိုးသမီးနဲ့  အလုပ်မှာ အဆင်ပြေရဲ့ လားဆိုတာကို မေးသင့်တယ်။
လိမ်တတ်တဲ့ယောင်္ကျား တွေ ရဲ့  ၁၂ ရာခိုင်နှုန်း လောက်ကသာ သူတို့ ရဲ့ နောက်အမျိုးသမီး ကကိုယ်လုံး ကိုယ်ပေါက် က ညဉ်းတို့ ထက် ပို ပြီးစွဲဆောင်မှု ရှိလို့  ပါသွားတတ်တာကိုတွေ့ ရပါတယ်။ တနည်းပြောရရင် ယောင်္ကျားတယောက်ဟာ ဒီလို ခပ်မိုက်မိုက်အမျိုးသမီး တယောက် ကို ရလို့ ကံကောင်းတယ်လို့  မခံယူ တတ်ကြပါဘူး။ ဖြစ်ရပ်အတော်များများမှာ ဒီလို ပါသွားတာကိုက ညဉ်းက ဆွဲ ဆောင်မှုမရှိတော့ဘူးလို့ ထင်တာ ၊ ယောက်ျားက ကိုယ့်ကို ပိုပြီး စိတ်ဝင်စား လာအောင် ရုပ်ကို ခြယ်သတာ တွေနဲ့ နင်းကန်မလုပ်မိဖို့ ပဲ။ ဒါက သိပ်အရေး ကြီးလှတာမဟုတ်ဘူး။ အရေးကြီးတာက မင်းက သူ့ကိုဂရုစိုက်တယ် နားလည်တယ်၊ ချစ်တယ် ဆိုတာ ကို ပြသဖို့ က ပထမအရေးကြီးဆုံးပါပဲ။
လိမ်နေရတဲ့ ယော က်ျားတွေထဲက ၆ ရာခိုင်နှုန်းလောက် က နောက်အမျိုးသမီးက ရုပ်ပိုင်းဆိုင်ရာ ပိုမို စွဲမက်စရာကောင်းတယ်လို့ ယူဆပြီး ပါသွားကြတာဖြစ်တယ်။ ၇၃ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ နောက်အမျိုးသမီးကို တွေ့ ပြီး တလ ကြာမှ စလိမ်တော့တာဖြစ်တယ်။ ဒီတော့ ကိုယ့်အနေနဲ့  ကြိုတင်ပြင်ဆင်မှုတွေလုပ်ချိန်ရပါတယ်။ ဒါကြောင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်၊ နားကို ကျယ်ကျယ်စွင့်ထား။ သူက အပြင်မှာ မကြာခဏ နေနေပြီလား၊ ကိုယ့်ရုပ်ကိုစွဲဆောင်မှု ရှိတယ်ဆိုတာမပြောတော့တာ၊ ကတောက်ကဆ ခနခန ဖြစ်လာတာမျိုး၊ မင်းခေါ်တာကို ရှောင်လွှဲလာတာမျိုး၊ ညဉ်းက ဆူဆူပူပူ လုပ်ပြီး စွပ်လားစွဲလားလုပ်တာတွေက သူ့ကို ရန်စသလို ခံစားလာတတ်တယ်။တော်တော်များ များ ယောက်ျားတွေက တော့ မဟုတ်ရပါဘူး ငြင်းမယ်။ လိမ်ဖို့ ထည့် တောင်မစဉ်းစားဘူးလို့ ဆိုမယ်။ဒီလိုစကားမျိုးဆိုတဲ့အချိန်ကတော့ ခြေလွန်လက်လွန်မဖြစ်သေးတဲ့အချိန်ပဲ။ နယူမန်ရဲ့ အကြံပြုချက်ကတော့ ကိုယ့်ခံစားချက်ကို ထိမ်းသိမ်းပါ၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးပါ၊ ကိုယ့်ယောက်ျားကို လေးစား မှု ရှိတယ်ဆိုတာကို ပြသဖို့ ဘယ်တော့မှာ တွန့် ဆုတ်မနေပါနဲ့ ။ နှစ်ကိုယ်သားတူရည်မျှ ဖို့  ဦးဆောင်မှု ပြ၊ ( ရှင်ကလည်း ကလေးကလား လို့ ဆိုတာမျိုး၊ ဥပုဒ်စောင့်ထားတယ်၊ ရွံစရာကြီးဆိုတာမျိုးတွေ ရှောင်) ၊ ညဉ်းကိုဦးစားပေးရမယ်ဆိုတဲ့ ခိုင်မာတဲ့အကြောင်းပြချက် ရှိပါစေ၊ ကိုယ့်ရင်ထဲမှာ ခံစားတာကို ပွင့်ပွင့်လင်းလင်းပြော၊ တတိယလူကို ရည်ညွန်းတာမျိုး မလုပ်နဲ့ ။ နှစ်ဦးသား ဆက်ဆံရေး ဟာ အရေးကြီးတယ်၊ ဒါကို အဆုံးရှုံးမခံနိင်ဘူးဆိုတာကို ပြောပြပါ။
Ref:လူမှုရေးသိပံ္ပ ( Social Science ) ပညာရှင် M. Gary Neuman ရဲ့  သုတေသန စာတမ်း"Truth About Cheating " မှ ကောက် နှုတ်ချက်များ ( ခိုင်သရဖီ ) ပံ့ပိုးသည်။

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

၁) လူ(၃)ယောက်နှင့် ပင့်ကူ

မိုးရွာပြီးခါစ ပင့်ကူတစ်ကောင်ဟာ မိုးမိပြီး စုတ်ပြဲသွားတဲ့ ပင့်ကူအိမ်အမျှင်ကနေ စိုရွှဲနေတဲ့နံရံပေါ် တွယ်တက်ဖို့ ကြိုးစားခဲ့တယ်။မိုးစိုနေတဲ့အတွက် ပင့်ကူဟာ အမြင့်တစ်နေရာကို ရောက်တာနဲ့ ပြန်ပြုတ်ကျလာတယ်။ ပင့်ကူဟာ အကြိမ်ကြိမ် ကြိုးစားပြီး တက်ခဲ့ပေမယ့် အကြိမ်ကြိမ် ပြန်ပြုတ်ကျခဲ့ရတယ်။
ပင့်ကူရဲ့ အဖြစ်အပျက်ကို လူ ၃ယောက်က တွေ့ခဲ့ကြပြီး ပထမလူက "ဟင်း.. ငါ့အဖြစ်ကလည်း ပင့်ကူနဲ့ အတူတူပါပဲလား? ပင်ပင်ပန်းပန်း လုပ်ခဲ့ပေမယ့် ဘာမှ အကျိုးမရခဲ့ဘူး" လို့ ပြောပြီး သက်ပြင်းအခါခါ ချခဲ့တယ်။ အဲဒီနောက် ပထမလူရဲ့နေ့ရက်တွေဟာ စိတ်ဓာတ်ကျခြင်းတွေနဲ့ပဲ ပြည့်နေခဲ့တယ်။
ဒုတိယလူက "ဒီပင့်ကူ တော်တော် တုံးပါလား? ဘေးက ခြောက်နေတဲ့ နံရံကနေ ပတ်ပြီးတက်သွားလို့လည်း ရရက်သားနဲ့၊ ပင့်ကူလို ငါ တုံးလို့ မဖြစ်ဘူး" လို့ တွေးမိတယ်။ အဲဒီနောက် သူဟာ စဉ်းစားဆင်ခြင်တတ်ပြီး ထက်မြက်လာခဲ့တယ်။
တတိယလူက " အဖန်ဖန်ပြုတ်ကျပေမယ့် အထက်ကိုရောက်ဖို့ ဒီပင့်ကူ ဇွဲမလျှော့ခဲ့ဘူး" ဆိုပြီး သူဟာ ဘာလုပ်လုပ် ပင့်ကူလို ဇွဲလုံ့လ၊ တောင့်ခံအားတွေ ကောင်းခဲ့တယ်။
အောင်မြင်မှုကို လိုလားသူဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်မှု အစွမ်းကို ရှာဖွေတတ်ရတယ်။

၂) အရှုံးထဲက အမြတ်

အမြန်ရထားပေါ်က အဘိုးအိုတစ်ဦးရဲ့ ဖိနပ်အသစ်တစ်ဖက်က ရထားအောက်ကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်။ ဖိနပ်အသစ်မို့ ဒီအဖြစ်ကို မြင်တဲ့လူတွေက အဘိုးအိုအစား နှမြောနေကြတယ်။ ဒါပေမယ့် အဘိုးအိုက ကျန်ခဲ့တဲ့ နောက်ဖိနပ်တစ်ဖက်ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လိုက်တယ်။ အဘိုးအိုရဲ့ အပြုအမှုကို မြင်တဲ့လူတွေက အံ့သြပြီး မေးတော့
"ကျန်ခဲ့တဲ့ဖိနပ် တစ်ဖက်က ဘယ်လောက်ပဲ အဖိုးတန်ပါစေ အဘိုးအတွက် အသုံးမဝင်တော့ဘူး။ ဖိနပ်တစ်ရံလုံးကို တစ်စုံတစ်ယောက်က ကောက်ရခဲ့ရင် သူ့အတွက် အသုံးဝင်နိုင်တယ်လေ" လို့ အဘိုးအိုက ပြန်ဖြေခဲ့တယ်။
ထက်မြက်သူဟာ လက်လွတ်တတ်ရမယ်၊ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်ရမယ်။

၃) ပြတင်းပေါက် အဖွင့်မမှားနဲ့

မိန်းမငယ်လေး တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်ကို မှီပြီး ပြတင်းပေါက်အပြင်က ခွေးတစ်ကောင်ကို လူတွေ မြေမြုပ်သင်္ဂြိုလ်နေတာကို ကြည့်ပြီး ငိုကြွေးနေခဲ့တယ်။ ဒါကို အဘိုးကမြင်တော့ "မြေးလေး.. ပြတင်းပေါက် အဖွင့်မှားနေပြီ" ဆိုပြီး သူ့ကို တစ်ခြား ပြတင်းပေါက်တစ်ပေါက် ဖွင့်ပေးလိုက်တယ်။ အဲဒီပြတင်းပေါက် အပြင်မှာက လှပတဲ့ နှင်းဆီခင်းကြီးရှိတယ်။ မိန်းမငယ်က နှင်းဆီပန်းခင်းကို ကြည့်ပြီး စိတ်ရွှင်လန်းလာခဲ့တယ်။
ကျရှုံးခြင်းဘေးက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ မျှော်လင့်ချက်လင်းရောင်ကို သင်တွေ့ကောင်း တွေ့ပါလိမ့်မယ်။

Wednesday, November 19, 2008

ပညာသင်ယူခြင်း (၁)

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်းတစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံးဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။
ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်းသတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်းတစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။
သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။
"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်းမဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာလက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက်လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကိုယူခိုင်းစေခဲ့တယ်။
ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီနီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။
"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါးကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။
တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီးသွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။
သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက်သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။
"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကိုထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။
"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"
"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲသူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကိုကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"
"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးကပလေတိုကို ပြောခဲ့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Direction မှားသွားတဲ့ mail တစ်စောင်ကြောင့် . . .

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီးအီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။
အဲဒီအချိန် ....
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကိုစစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားကအပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက
သို့ ... ချစ်ဇနီးအကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီနေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကိုအီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်းအဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင်ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။မနက်ဖြန် တွေ့ကြတာပေါ့။မင်းကိုချစ်တဲ့မောင်....

ဘီလ်ကိတ်ပြောတဲ့ ဘဝ(11)ခု (Window XP, Window Vista, Window Burma)

ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု

(ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရဲ့)ဘွဲ့နှင်းသဘင် (မဟုတ်ပါ)တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။