အထူးသဖြင့် ကျွန်တော်တို့ UCSY က Honurs, Master Course Work ပြီးတဲ့သူတွေ လျှောက်ကြတာများပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း UCSY က Master Course Work ပြီးလို့ လက်ရှိ NTUက M.Sc (Information Studies) တက်နေတာပါ။ NTU Master လျှောက်ချင်တဲ့ သူငယ်ချင်း အတွက် ဒီ post လေးကို တင်ပေးလိုက်တာပါ။
xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx
Part Timeနဲ့ Full Time ဘာကွာလဲတဲ့?
Full Time တက်ရင် Bank Loan ရမယ်။ ကျောင်းပြီး 3နှစ် စင်ကာပူမှာ အလုပ်လုပ်မယ်ဆိုပြီး Service Obligation ပါထိုးရင် Semester တစ်ခုကို စင်ကာပူ ၂၀၀၀ထောင်နီးပါး လောက်ပဲပေးရမယ်။
Part Time ဆိုရင်တော့ Bank Loan မရဘူး။ လက်ရှိ Singapore မှ အလုပ်လုပ်နေကြောင်း ပြောနိုင်မှ Part Time တက်လို့ရမယ်။
မြန်မာပြည်က စလျှေက်တဲ့ သူအားလုံး Full Time ပဲလျှောက်ကြတယ်။
dissertation နဲ့ coursework ..ခြားနားချက်..!
ဒါကတော့ course ပေါ်မူတည်တယ်။
ဥပမာ.. MSc (digital media technology) ဆိုရင် coursework နဲ့ dissertation နှစ်ခုလုံး လုပ်ရတယ်။ ရွေးပိုင်ခွင့်မရှိဘူး။
MSc (Info Studies) တို့ MSc (Info System) တို့ဆို ရွေးလို့ရတယ်။ coursework ကြီးပဲဆို subject (၁၁)ဘာသာ ယူရမယ်။ coursework နဲ့ dissertation တွဲချင်ရင် . . subject (၉)ဘာသာ + dissertation လုပ်ရမယ်။ dissertation ဆိုတာ UCSY က thesis နဲ့အတူတူပါပဲ။ dissertation တနည်း thesis က Semester ၂ခုနဲ့ ပြီးအောင် လုပ်လည်းရတယ်။ ၃-၄ ခုနဲ့ ပြီးအောင် လုပ်လည်းရတယ်။
သတိထားစရာ အချက်လေးတွေက တော့
* တစ်ချို့ course တွေက bank loan မရဘူးဗျ...အဲ့တော့ ကိုယ်လျှောက်မယ့် course က loan ရမရ အရင် စုံစမ်းပေါ့။
* ကိုယ်နဲ့ ကိုက်ညီ ..လိုက်နိုင်မယ့် course major ကို ရွေးလျှောက်ပေါ့ ..စာပိုလိုက်နိုင်တော့ပေါ့။
* Master လျှောက်ကြသော် သယ်ရင်းများ အားလုံး ဆန္ဒပြည့်ဝ တက်ရောက်နိုင်ပါစေသောဝ်. . .
* ဒီမှာ link လေးတွေပေးထားတယ်.. visit ကြည့်ပေါ့...:)
The following programme(s) are open for application :
Please visit this link :: http://wis.ntu.edu.sg/webexe/owa/pgr$adm_main_opt2.notice
Graduate Programmes By Coursework
http://www.ntu.edu.sg/collegesandprogrammes/graduate/Pages/ByCourseworkDissertation.aspx
After sending the online application, print out the completed application form and Acknowledgement Slip.
You have to send these with the supporting documents.
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Senddocuments.aspx
Submission of Online Application:
http://wis.ntu.edu.sg/webexe/owa/pgr$adm_main_opt2.applformMain
Pay Application Fee
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Payapplicationfee.aspx
Check Application/Result Status
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applicationresult.aspx
Tuition Fees of Coursework Programmes AY2008-2009
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/TuitionFeesofCourseworkProgrammesAY2008-2009.aspx
Service Obligation
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/ServiceObligation.aspx
InformationStudies
http://www3.ntu.edu.sg/sci/graduate/information_studies.html
Admission
http://www3.ntu.edu.sg/oas2/nanyangbulletin/GNB0809/admissions.html
OnlineApplication
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx
BeforeUApply
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/Fees.aspx
CourseWorkAdmissions
http://admissions.ntu.edu.sg/graduate/coursework/Pages/default.aspx
Check ur Application Status
https://wis.ntu.edu.sg/webexe/owa/pgr$adm_inquiry.main
# Apply #
http://wis.ntu.edu.sg/webexe/owa/pgr$adm_main.applformMain
###
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx
http://wis.ntu.edu.sg/webexe/owa/pgr$adm_main.notice
InformationStudies
http://www3.ntu.edu.sg/sci/graduate/information_studies.html
Admission
http://www3.ntu.edu.sg/oas2/nanyangbulletin/GNB0809/admissions.html
OnlineApplication
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx
Period
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/Applicationperiod.aspx
Check Status
https://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applicationresult.aspx
Here is the address to accept offer.
http://wis.ntu.edu.sg/webexe/owa/pgr$acceptance_offer.main

after acceptance, you can check your status at
http://wis.ntu.edu.sg/webexe/owa/pgr$adm_acceptform.main
Regarding to school hostel, check at this address:
http://wis.ntu.edu.sg/pls/webexe88/GAS_APPL_STUDENT.OnlineApplPrompt
Sunday, February 21, 2010
Tuesday, January 12, 2010
ရက်စက်တာလား..၊ မိုက်မဲတာလား...။
ဖြစ်စဉ် (၁)
တစ်ခါက
ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲကျခါနီး ဖြစ်နေတယ်.။
အရှိန်ကလည်း ဘယ်လိုမှ ထိန်းမရတော့.။ ကားပေါ်မှာ ကားမောင်းနေတဲ့ မိခင်နဲ့
သူ့သားလေးပဲ ပါတယ်.။ ကလေးက အခုမှ နှစ်နှစ်သားလေး.။ ဘယ်လိုမှ ကားကို
အရှိန်လျှော့မရတဲ့ အဆုံး သူ့သားလေးကို ကားထဲမှာ ရှိတဲ့ အဝတ်တွေနဲ့
ထုပ်ပြီး ကားပေါ်က ပစ်ချလိုက်တယ်.။ ဒီလို သူလည်း သူ့သားလေးကို ကားပေါ်က
ပစ်ချလို့လည်း ပြီးရော..သူ့ကားကတော့ အရှိန်မထိန်းနိုင်တော့ပဲ.. ။
ချောက်ထဲကို ထိုးကျသွားခဲ့တယ်.။ ဒီလို သူထိုးကျသွားတာကို ကားလမ်းမှာ
ရှိနေတဲ့ ကားပေါ်က လူတွေလည်း မြင်လိုက်ကြရတယ်.။
သူ့ကလေးလေးကို ကားပေါ်ကနေ အဝတ်နဲ့ ထုပ်ပြီး ကားလမ်းမပေါ်
လွှင့်ပစ်ခဲ့တာဟာ သူ ရက်စက်တယ် လို့ ဆိုမလား.။
ဖြစ်စဉ် (၂)
ဒုတိယကမ္ဘာစစ်ပွဲတွင် ဖြစ်သည်.။
ဂျာမနီ၏ လေယာဉ်များက ပြင်သစ်ပြည်သို့
အဆက်မပြတ်ဗုံးတွေကြဲနေသည်. ။ လူတွေအားလုံး ကလည်း ကြောက်လန့်တကြား
ဗုံးခိုကျင်းထဲသို့ ဝင်ပြီး ခိုလှုံနေကြတယ်.။ ဒီနေရာသာ သူတို့ အတွက်
အလုံခြုံဆုံး နေရာ မဟုတ်လား.။ ဂျာမန်လေယာဉ်တွေ ပျံလာသံကြားရင်
ဥသြတွေဆွဲတယ်...ဒါဆို လူတွေ အားလုံး ဗုံးခိုကျင်းထဲသို့ ပြေးဝင်ကြတယ်.။
ဂျာမန်လေယာဉ်တွေ စိတ်ကြိုက်ဗုံးကြဲလို့ ပြီးလို့ ဥသြသံတွေ ပြန်ထွက်လာမှ
သူတို့ ဗုံးခိုကျင်းထဲက ထွက်ရဲကြတယ်.။
ဖြစ်ချင်တော့ တစ်နေ့ဂျာမန်လေယာဉ်တွေ ဗုံးလာကြဲလို့ ဥသြသံတွေ
ကြားတော့ လူတွေ အားလုံး ဗုံးခိုကျင်းထဲသို့ ပြေးဝင်ကြတယ်.။
ဗုံးခိုကျင်းထဲမှာ လူပေါင်းစုံ ၊ ဗုံးခိုကျင်းထဲကို တကယ်လို့
ရန်သူရောက်လာပြီး ရန်ပြုမှာ စိုးလို့ တော်လှန်ရေးတပ်သားတချို့လည်း
ရှိတယ်.။ ဥသြသံကြားလို့ လူတွေအားလုံး ဗုံးခိုကျင်းထဲ ပြေးဝင်လာကြချိန်မှာ
အပြင်မှာ ဗုံးတွေ ကြဲချနေသံကို ကြားနေရပြီ.။ ဒီအချိန်မှာ
ဗုံးခိုကျင်းထဲကို လူတစ်ယောက် နောက်ကျပြီး ကမန်းကတမ်းပြေးဝင်လာတာ
တွေ့လိုက်ရတယ် ။ ပြင်သစ်နိုင်ငံသား တစ်ဦးပါပဲ.။ ဒါပေမဲ့ ..သူကလည်း
ကမန်းကတမ်းဝင်လာတာ ဆိုတော့ ဗုံးခိုကျင်း တံခါးကို လုံအောင် မပိတ်ခဲ့ဘူး.။
အားလုံးကလည်း ဘယ်သူ့မှ သူ့ကို အပြစ်မတင်နိုင်ဘူး.။ ဗုံးတွေက
အပြင်က ကြဲနေပြီကိုး.။ ကံမကောင်းချင်တော့ နောက်ဆုံး ဒီလူ ဗုံးခိုကျင်းထဲ
ဝင်သွားတာကို ဂျာမန်စစ်သားတစ်ယောက်က တွေ့လိုက်တယ်.။ ဒီတော့ သူက
လက်ပစ်ဗုံးတစ်လုံးကို စနစ်တံဖြုတ်ပြီး ဗုံးခိုကျင်းထဲကို
ပစ်ထည့်လိုက်တယ်.။ လက်ပစ်ဗုံးတစ်လုံး ဗုံးခိုကျင်းထဲကို လိမ့်ကျလာတာ
အားလုံးမြင်လိုက်ရတယ်.။ ဘယ်နေရာမှာ သူတို့မှာ ရှောင်စရာ မရှိဘူး.။
အစုလိုက် ၊ အပြုံလိုက် သေရမဲ့အဖြစ်.။
ဒီအချိန်မှာ မမျှော်လင့်ပဲ ..။ တော်လှန်ရေးတပ်သားလေး
တစ်ယောက်က လက်ပစ်ဗုံးပေါ်ကို မှောက်ပြီးလှဲအိပ်လိုက်တယ် .။ လက်ပစ်ဗုံးကို
ကောက်ပြီး အပြင်ကို ပြန်ပစ်ဖို့ အချိန်မရှိတာ သူသိနေတယ်လေ.။ ဒါကြောင့်
ဗုံးပေါက်ကွဲလို့ အားလုံးထိမှာကြောင့် လက်ပစ်ဗုံးပေါ်ကို သူခန္ဓာကိုယ်ကို
လှဲချလိုက်တယ်.။ နောက်တော့ အားလုံးကိုယ်စား သူ အသက်ဆုံးရှုံးသွားတယ်.။
ဒီရဲဘော်လေးကို မိုက်မဲတယ် လို့ ခေါ်မလား..။
ဖြစ်စဉ်(၃)
အရမ်းတော်တဲ့ သွားစရာဝန်ကြီး တစ်ဦးရှိတယ်.။ သူက
စည်းကမ်းကြီးတယ်.။ သွားလာပြတဲ့ သူတွေကို သွားပြမဲ့ သူကလွဲလို့
ဘယ်သူ့ကိုမှ အဝင်မခံဘုး..။ အသက်ကြီးကြီးငယ်ငယ်.မည်သူမှ မဝင်ရ..။ သူက
အတွေ့အကြုံအရမ်းများတော့ မှားတယ် လည်း မရှိပါဘူး.။ လူတွေ အားလုံးကလည်း
ယုံကြည်ကြတယ်.။
တစ်နေ့ ဖြစ်ချင်တော့ သူ့ဆီမှာ ကလေးတစ်ယောက်
အံသွားလာနုတ်တယ်.။ ဒါကို ကလေးအမေက အပြင်ကနေ နေမထိ ထိုင်မသာ ဖြစ်နေတယ်.။
သူ့ကလေးကို စိုးရိမ်နေတာလေ.။ ဒါနဲ့ ကောင်တာက ဆရာဝန်ကြီး အကူ နပ်စ် က
ဆေးယူဖို့ အနောက်ဖက်ထွက်သွားတုန်း သူက ဆရာဝန်ကြီးရဲ့ ဆေးကုခန်း
(သွားနှုတ်ခန်း) ထဲကို ဆရာဝန်ကြီး မသိအောင် အသာလေးဝင်သွားတယ်.။
ဆရာဝန်ကြီးကလည်း ကလေးသွားကို ကုန်းနုတ်နေတာ ဆိုတော့
သူဝင်လာတာကို မတွေ့ရဘူး.။ မသိလိုက်ဘူး.။ ဒီမှာ သူ့ကလေးပါးစပ်ထဲက သွားကို
ဆရာဝန်ကြီး နုတ်နေတာကို သူတွေ့လိုက်ရတယ်.။ သှူု့ကလေးပါးစပ်ထဲမှာ
သွေးတွေထွက်နေတာ မြင်မကောင်းဘူး.။ ဒါကို မြင်တော့ သူ သွေးကြောင်ပြီး
မျက်နှာတွေ ဖြုရော်လာပြီး သတိလစ်ချင်သလို ဖြစ်သွားတယ်.။ နောက်..လူက
ယိုင်ပြီး ဆရာဝန်ကြီးရဲ့ ဆေးဘီဒိုနဲ့ တိုက်မိသွားတယ်.။ ဒီတော့မှ
ဆရာဝန်ကြီးက သူဝင်လာတာကို သိလိုက်ရတယ်.။
သိလိုက်ရရချင်းပဲ ဆရာဝန်ကြီးလုပ်လိုက်တာက ဒီမိန်းမကို
ပါးပိတ်ရိုက် လိုက်တာပဲ.။ ဒီတော့ ပြဿနာတွေ တော်တော် တတ်သွားတယ်.။
တော်တော်လည်း ရှင်းလိုက်ရတယ်.။ အားလုံးကလည်း ဆရာဝန်ကြီးက မောက်မာတယ်.။
ရိုင်းစိုင်းတယ်.။ ရက်စက်တယ် လို့ ပြောကြတယ်.။ ညရောက်တော့ ဆရာဝန်ကြီးက
သူ့ဒိုင်ယာရီထဲမှာ ဒီလို ရေးတယ်.။
“ ကျွန်တော့် ဆေးကုခန်းထဲကို အပိုလူတွေ မဝင်စေချင်တာက..။
သွားဆိုတာ အနုတ်ခံနေရသူက မမြင်ရဘူးလေ..။ ဘေးက အဖော်က မြင်နေရတော့
ထွက်နေတဲ့ သွေးတွေကို မြင်ပြီး မူးတတ်ကြတယ်လေ.။ ဒါကြောင့်
ကျွန်တော့်ဆေးခန်းထဲမှာ သွားနုတ်သူကလွဲရင် ဘယ်သူ့ကိုမှ မရှိစေချင်တာပါ.။
ဒီနေ့လည်း တစ်ယောက် ဝင်လာတယ်.။ နောက်..သူမြင်ပြီး မူးလာတယ်..
မေ့လဲတော့မယ်.။ ဒါကြောင့်..သူ့ကို စိတ်လှုပ်ရှားပြီး စိတ်ပြောင်းသွားအောင်
ပါးလှမ်းရိုက်လိုက်ရပါတယ်. ။ ဒါမှ သူ စိတ်ပြောင်း သွားပါတော့တယ်.။ ဒါပေမဲ့
.. ကျွန်တော့်ကိုတော့ ဘယ်လို ထင်သွားမလဲ မသိပါဘူး.။ ဒါဟာ
သူ့အတွက်လုပ်တာပါ..။ ”
ဒီဆရာဝန်ကြီးကို ရက်စက်တယ် လို့ ခေါ်မလား..။
ဖြစ်စဉ်(၄)
အဆိပ် ရှာဖွေ တွေ့ရှိသူတွေ အကြောင်း ကျွန်တော်
ဖတ်လိုက်ရတယ်.။ အဆိပ်ကို ငါ ရှာဖွေ တွေ့ရှိပြီ ဆိုရုံနဲ့ သူတို့
ဒီအဆင့်မှာ ရပ်မထားခဲ့ပါ.။ ဥပမာ အနေနဲ့ စိန်အဆိပ်အကြောင်း ကျွန်တော်
ပြောပြမယ်.။
စိန်အဆိပ်ကို ရှာဖွေတွေ့ရှိသူဟာ.စိန်အဆိပ်အြေ ကာင်းကို အားလုံး
လေ့လာတယ်.။ အရမ်းကို ပြင်းထန်တဲ့ အဆိပ်.။ စိန်ကို စားဖို့ နေနေသာသာ
အဆိပ်ကို သံပုရားသီးညှစ်ပြီး ထွက်လာတဲ့ အငွေ့လေးကို ရှူလိုက်တာနဲ့တင်
တုံးခနဲ့လဲကျ သေသွားနိုင်တယ်.။ စိန်အဆိပ်ရဲ့ ဖြစ်ပေါ်လာပုံ ၊ အရောင်အသွေး
၊ အနံ့ ၊ အရသာ ..........၊ ဒီမှာ အရသာဆိုတာက နောက်သလို ဖြစ်နေပြန်ရော..။
အဆိပ်ပါဆိုမှ ဘယ်လိုလုပ် အရသာကို သိမလဲ .။ မဟုတ်ပါ.။
တီထွင်လေ့လာသူဆိုတာ ဒါတွေက အစ မှတ်တမ်းတင်ရပါတယ်.။ ဒါနဲ့ စိန်ကို
ပထမဦးဆုံးတွေ့ရှိသူဟာ.စိန်အဆိပ်ရဲ့ အရသာကို မှတ်တမ်းတင်ဖို့
စိန်အဆိပ်ကို သူ့လျှာပေါ်တင်ရုံပဲ ရှိသေးတယ်..။ သူဟာ ဘာမှ
မရေးလိုက်နိုင်ဘူး.။ လဲကျသေဆုံးသွားတယ်.။ ဒါနဲ့ပဲ ၇ နှစ်လောက်ကြတဲ့ အထိ
စိန်အဆိပ်ရဲ့ အရသာကို ဘယ်သူမှ မှတ်တမ်းမတင်နိုင်ခဲ့ဘူး.။
နောက်မှ ပညာရှင် တစ်ဖွဲ့က မပြည့်စုံသေးတဲ့
စိန်အဆိပ်မှတ်တမ်းကို ဖြည့်ဖို့ သူတို့ကိုယ်ကို စတေးပြီး စိန်အဆိပ်ရဲ့
မှတ်တမ်းကို ဖြည့်မယ် လို့ ကြေငြာခဲ့တယ်.။ ဒါနဲ့ ပြင်းထန်တယ် ဆိုတာ
သိတော့..စမ်းသပ်သူတစ်ယောက် က ပါးစပ်နားကို စိန်အဆိပ်မရောက်ခင် ဘောပင် နဲ့
စာရွက်လေးကို အသင့်ပြင်ထားတယ်.။ နောက်တော့ လျှာပေါ်ကို စိန်အဆိပ်ကို
တင်ပြီး အရသာရတာနဲ့ ချက်ချင်းရေးဖို့ ပြင်လိုက်တယ်.။ ဒါပေမဲ့..သူ S.w
ဆိုတဲ့ စာလေးနှစ်လုံးပဲ ရေးပြီး သေသွားခဲ့ရတယ်.။
ဒါနဲ့ သူတို့ အဖွဲ့ထဲက နောက်တစ်ယောက်က သူစမ်းသပ်သွားတာ S.w
ဆိုတော့ ဘာအဓိပ္ပါယ်မှန်းလည်း မသိဘူးလေ.။ ဒါကြောင့် သူက ဆက်ပြီး
စမ်းသပ်ဖို့ ပြင်ဆင်တယ်.။ ဒီမှာ သူကလည်း ပါးစပ်ထဲကို စိန်အဆိပ် မထည့်ခင်
ဟိုတစ်ယောက်ရေးထားတဲ့ စာမှာ ဆက်ရေးဖို့ လက်ကို အသင့်ပြင်ထားလိုက်တယ်.။
နောက်တော့ စိန်အဆိပ်ကို လျှာပေါ်တင်ပြီး အရသာရတော့ သူ ဆက်ရေးတယ်.။ E. E
တဲ့.။ ဒါလည်း ပြီးရော..။ သူလည်း လဲကျသေဆုံးသွားတယ်.။ ဒီတော့ ရသမျှ စာတွေ
ဆက်စပ်ရေးထားတာကတော့ S.w.e.e ဖြစ်နေပြီ..။ ဒါပေမဲ့ ဘာမှန်းလည်း မသိသေး။
ဒီတော့ နောက်တစ်ယောက်က သူတို့ လူနှစ်ယောက်လည်း
အသက်ပေးသွားရပြီလေ.။ သူဆက်လုပ်မယ် ဆိုပြီး ပြင်တယ်.။ ဒီမှာ အားလုံးသော
ပြည်သူလူထုတွေကလည်း ကန့်ကွက်ကြတယ်.။ ဘာမှ မဟုတ်တဲ့ အဆိပ်လေး တစ်ခုရဲ့
အရသာကို သိရဖို့ လူ့အသက်တွေသေနေရတယ်ပေါ့.။ ဆက်မလုပ်ကြပါနဲ့တော့လို့
ကန်ကွက်ကြတယ်.။ ဒါပေမဲ့ ပညာရှင်တွေက မရပ်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ
နောက်တစ်ယောက်က ဆက်ပြီး စိန်အဆိပ် အရသာကို သိရဖို့ ပြင်တော့တယ်.။ သူလည်း
လျှာပေါ် စိန်အဆိပ်မတင်ခင် အရင်လူတွေ ရေးထားတဲ့ နေရာမှာ ဆက်ရေးဖို့ လက်ကို
ပြင်ထားလိုက်တယ်.။ နောက်တော့ စိန်အဆိပ်ကို လျှာပေါ်လည်းတင်ပြီး
အရသာကိုလည်း သိရော..။ သူ T ရယ်....နောက်ကနေ အပိတ်မျဉ်းလေးရယ် ကို တားပြီး
လဲကျသေဆုံးသွားခဲ့တယ်.။
ဒီတော့မှ လူတွေ အားလုံးလည်း စိန်အဆိပ်ရဲ့ အရသာကို
လူအသက် ၄ သက်နဲ့ ရင်းပြီး သိလိုက်ကြရတယ်.။ အဲဒါကတော့ S.w.e.e.t ( ချိုတယ်
) ဆိုတဲ့ အရသာပါပဲ.။ စိန်အဆိပ်ဆိုတာ ချိုတယ် ဆိုတဲ့ အရသာ ရှိတယ် ဆိုတာကို
လူ့အသက် ၄ ယောက်နဲ့ သုတေသနပြုသွားတာပါ.။ ဒီနောက်မှာတော့ စိန်အဆိပ်ရဲ့
အရသာကို ဘယ်သူမှ ထပ်ပြီး မစမ်းသပ်ကြတော့ပါဘူး.။
ဒီလို ကိုယ်သိချင်တာကို သိဖို့ ...အားလုံးကို
သိစေချင်တာ သိရဖို့ သူတို့ အသက်ကို ရင်းတာကို မိုက်မဲတယ် လို့ ခေါ်မလား..။

Wednesday, January 6, 2010
Friday, November 13, 2009
Sunday, September 20, 2009
Monday, July 6, 2009
ပုံပြင် (၂)
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ""မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက်ရောက်ရှိလာခြင်း ဖြစ်ပါတယ်""ဘာကျေးဇူးများလဲ""မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်းစည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေးနေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ""အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေးမရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး""ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီးသူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကိုနားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်းသူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးကနဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီးစားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။ပိုးဖလံတစ်ကောင်က"တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား"လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင်ကိုယ်တိုင်သွားကောက်ပါလား""ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆိုခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား""အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာသေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကိုသေကြောင်းကြံတာလား"ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးကမအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားကဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်ကအိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။"ဘေးဖယ် ရှင်မရေ..""ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား""ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။လူတကာကို မစွပ်စွဲနဲ့""အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင်ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ""ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေးအပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ""မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲတစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကိုခွါချင်ပြီလား"အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီးအမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ"ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားကခြိမ်းခြောက်တော့တယ်။ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း..ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်"ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ""လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ""ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်""ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကားဘယ်က သင်ခဲ့တာလဲ ပြောစမ်း""ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားကကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲလိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့စမ်းကြည့်တာ""ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်းမရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီးလာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..?ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်ကသူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့နန်းတော်ထဲ ပြန်ခဲ့တယ်။မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲသတိရနေလို့ပါပဲ နှမတော်""ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ""စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေနှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ""ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီးဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ပုရွက်ဆိတ် နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက်ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? သူငယ်ချင်းလို့ အမည်တပ်ဖို့လွယ်ကူပါသလား?စကားလေး တစ်ခွန်းပါပဲ ...."တန်ဖိုးထား မြတ်နိုးပါ"
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေတွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင်ရင်းနှီးခွင့် မရဘူး"တဲ့.

Subscribe to:
Posts (Atom)