Monday, August 30, 2010

သူငယ်ချင်းများသို့ (စာ - ၂၁၂)

သူငယ်ချင်းရေ . . .
တစ်နေရာစီ ဝေးမြေရပ်ခြားရောက်နေရလို့
onlineနဲ့ facebook သုံးရတာကို
သိမ်ငယ်တယ်လို့ မထင်စေချင်ဘူး၊

သူငယ်ချင်းရေ . . .
ဝေးသီ ခေါင်ပါး ခြောက်သွေ့မြေသို့
ချည့်နဲ့ယာဉ်စီး မိုးဆောင်းနွေအပြီး
ကျောင်းခေါ်ချိန် ၇၅%ပြည့်မီအောင်တက်ခဲ့တာကိုတော့
တကယ် ချီးကျုးတယ်ကွာ။

သူငယ်ချင်းရေ . . .
သက္ကရာဇ် ၂၀၀၅ထုတ် yearbookမှာ
ကွန်ပျုတာစာစီနဲ့ စာမျက်နှာ အပြင်အဆင်အရ
(၄)ယောက် တစ်မျက်နှာစီ သီးခြား ရပ်တည်ခဲ့ရပေမယ့်
တို့တတွေရဲ့ စည်းလုံးမှု ပြယုဂ်အတွက်
စမ်းစစ်မှုလေးတစ်ခုတောင် လုပ်ဆောင်စရာ မလိုပါဘူးနော်။

သူငယ်ချင်းရေ . . .
အခါအခွင့် အကြောင်းသင့်လို့
တို့ကျောင်းမဟာ ကွန်ပျူတာသို့
အရောက်လှမ်းခွင့်ရခဲ့ရင်ဖြင့်
ဘာမှ မမှာတော့ပါဘူး။
ဂုံးဆင်းပဲ ၀အောင်သောက်ခဲ့။ :)

သူငယ်ချင်းရေ . . .
စိတ်ပျက် လက်မှိုင် ငေးငိုင်နေမယ့်အစား
ရင်ဆိုင် တွန်းလှန် ဖြေရှင်းလိုက်ပါလား။

14 batch (14+batch & 14-batch)မှ သူငယ်ချင်းများသို့ ရည်ညွှန်းလိုသည်။
ကိုကို (ရန်ကုန်ကွန်ပျုတာတက္ကသိုလ်)

Sunday, August 29, 2010

Microsoft Office 2007


Download Megaupload

Wednesday, August 18, 2010

My Slide Show

Wednesday, April 21, 2010

Friday, March 19, 2010

test Google map


View Larger Map

Wednesday, March 17, 2010

တမ်းတခြင်း အမှတ်(၁၄)

ရန်ကုန် UCSY မှာ M.Sc တက်တုန်းက
သယ်ရင်းတွေနဲ့ ပျှော်ရွင်ခဲ့တဲ့
ပုံရိပ်လေးကို သတိရမိတယ်။

အများသူငါတွေလို မခမ်းနားတတ်တဲ့ အခါ
စဉ်းစားမယ်ဆိုရင်တော့ ရင်နင့်စရာ
တွေးကာမှ ခံစားမှုပိုရတယ်။

အိပ်မက်တွေအဖြစ်သာ နောက်တစ်ခေါက်လောက်
ပြန်လည် ခံစားခွင့်ရမယ်ဆိုရင်ဖြင့်
နိုးထမှုကို တဒင်္ဂအတွက် စွန့်လွတ်ကာ
ညကာလကြာရှည်ပါစေလို့
ဆုတောင်းမိမှာ အမှန်ပဲ။

ကိုကို (ရန်ကုန်ကွန်ပျုတာတက္ကသိုလ်)

Friday, March 12, 2010

I Love Exam


စာမေးပွဲ နီးနေပြီ ဖြစ်ကြောင်း မိမိကိုယ်ကို မိမိ အသိပေးခြင်းသာ ဖြစ်ပါသည်။ အခြားမည်သည့် အရောင်ဆိုးထားသော ရည်ရွယ်ချက် စိတ်ကူး စိတ်သန်းများမပါကြောင်း ဖြူစင်စွာ ၀န်ခံအပ်ပါသည်။
အသင်တို့သည်လည်း စာမေပွဲနီး (သို့) ဖြေနေချိန် ဖြစ်ပါက g talk တွင် download လုပ်ပြီး တင်ထားနိုင်ပါသည်။ copyright မရှိပါ ခင်ဗျာ။

Sunday, March 7, 2010

NTU master လျှောက်ရန် လိုအပ်သည့် documnets များ

၁။ အမှတ်စာရင်း (true copy)
၂။ grading (true copy)
၃။ ဘွဲ့လက်မှတ် (true copy)
၎။ recommendation (အင်္ဂလိပ်စာ ဌာနမှ)
၅။ recommendation (ကျောင်းရှိ professor ၂-ဦးထံမှ)
၆။ master courseworkပြီး thesis လုပ်နေပါက coursework သင်ယူပြီးဆုံးကြောင်း recommendation letter
၇။ အခြားသော certificate များ
၈။ working experience


ကျွန်တော် NTU master လျှောက်တုန်းက Application Form၊ acknowledgement slip တို့နဲ့ပေါင်းထည့်ပေးလိုက်တဲ့ documnets တွေပါ။
နောင်လာ နောင်သားများ ပညာ အကျိုးအတွက် share ခြင်းဖြစ်ပါကြောင်း။ ။

Wednesday, March 3, 2010

ပညာတော်သင် ကျောင်းသား ကျောင်းသူများ အတွက် ရည်သန်ပါသည်။

*ဆရာတစ်ပါးက မိမိ၏ တပည့်ဖြစ်သူအား အမိန့်ရှိသည်မှာ သင်သည်ဉာဏ်ထိုင်းသူဖြစ်သည်၊ သို့သော် အသင်သည် ပုံမှန်မပျက်မကွက် သင်ခန်းစာအချိန်တွင်ထိုင် အတန်းတက်သည့်အတွက် အသင့်ရဲ့မှတ်ဉာဏ်သည် လွန် စွာတိုးပွားသွားလေသည်။
"ကျောင်း၊ အတန်း မှန်မှန်တက်ရမည်ဖြစ်သည်"
* အမှန် တရား၏ နောက်လိုက် မဖြစ်မခြင်း ထိုသူ့၏ အသိဉာဏ် မပြည့်စုံသေးပါ။
* ကျောင်းမပျက်နှင့်၊ သင်ခန်းစာလွတ်စေနှင့်။
* အချိန်ကို တန်ဖိုးထားပါ၊ အကျိုးမဲ့ လုပ်ငန်းများဖြင့် အချိန်မဖြန်းလေနှင့်။
* အစားကျူးခြင်း၊ အအိပ်များခြင်းတို့ကိုရှောင်ကြဉ်ပါ၊ ပင်ပန်းနွမ်းနယ်သွားလျှင် ဖျတ်လတ်ပျော်ရွှင်စရာများ၌ အချိန်သုံးပါ၊ ပညာတိုး စိတ်ရွှင်စရာများပြောပါ။
* တတ်သိသမျှ နည်းသည်ဟု ယူဆပါ၊ ငါ..ဘာမျှမတတ် သေးဟု ခံယူထားရမည်။
* စာကောင်းပေကောင်း(၁၀)အုပ်ဖတ်ပြီး ညစ်ညမ်း စာ (၁)စောင်ဖတ်လိုက်လျှင် လှေခါးထစ်(၁၀)ထစ်တက်ပြီး၊ လိမ့်ကျသူပမာဖြစ်ရမည်။
*နေ့ည၊ စာ၌သာမွေ့လျော့ပါ၊ ပြဿနာပြုစရာ ကိစ္စမျးမှ ရှောင်ပါ။ မနေ့ကထက် ဒီနေ့၊ တမြန်အပတ်ထက် ယခု အပတ် ပညာရည်မည်မျှ တိုးတက်လာသည်ကို စဉ်းစားပါ။
* စာတတ်ပုဂ္ဂိုလ်များကို တွေ့ရမည်ဖြစ်သော်လည်း ပညာရှိ တစ်ဦးအား တွေ့ရခဲ၏။
* အသိဉာဏ်ရှိသည့် စကားများကို သင်ပေးသူများအား မိတ်ဖွဲ့သင့်သည်။
* အသိဉာဏ်ရှိသူသည် စဉ်းစားပြီးမှ ပြောသည်။ အသိဉာဏ်မဲ့သူသည် ပြောပြီးမှ စဉ်းစားသည်။
* အကြင်သူဟာ ပညာရှာခြင်းရဲ့ အခက်အခဲကို သည်းမခံနိုင်ဘူးဆိုရင် တစ်သက်လုံး ပညာမဲ့ခြင်းကပေးတဲ့ အခက်အခဲတွေကို သည်းခံရလိမ့်မယ်။
* ပညာဟာ ဥစ္စာထက်မြက်တယ်။ ပညာက သင့်ကို စောင့်ရှောက်တယ်။ သင်က ဥစ္စာကို စောင့်ရှောက်ရတယ်။
* မိမိကိုယ်မိမိ ပညာရှိဟုကြွားဝါသောသူသည် ပညာမဲ့ သူဖြစ်သည်၊
* အပန်ပင်းမခံဘဲ ပျင်းရိခြင်းနှင့်အတူ ပန်းတိုင်သို့ရောက်မည်ဟု မျှော်လင့်ခြင်းသည် မိုက်မဲခြင်း၏ လက္ခဏာဖြစ်သည်။
* အားလပ်ခြင်းကို နှောင်ဖွဲ့မှု မရောက်မီ တန်ဖိုးထားပါ။
* ပညာရှာတာ ရှက်စရာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ပညာမဲ့တာကပိုပြီး ရှက်စရာ ကောင်းလို့ပဲ။
* အမြဲသုံးစွဲနေတဲ့ သော့ဟာ ပြောင်လက်လျက်ရှိတယ်။

Tuesday, March 2, 2010

H6003 Review by iPOD


MusicPlaylist
Music Playlist at MixPod.com

Sunday, February 21, 2010

NTU Master လျှောက်ထားခြင်း

အထူးသဖြင့် ကျွန်တော်တို့ UCSY က Honurs, Master Course Work ပြီးတဲ့သူတွေ လျှောက်ကြတာများပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း UCSY က Master Course Work ပြီးလို့ လက်ရှိ NTUက M.Sc (Information Studies) တက်နေတာပါ။ NTU Master လျှောက်ချင်တဲ့ သူငယ်ချင်း အတွက် ဒီ post လေးကို တင်ပေးလိုက်တာပါ။
xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx xxxx
Part Timeနဲ့ Full Time ဘာကွာလဲတဲ့?

Full Time တက်ရင် Bank Loan ရမယ်။ ကျောင်းပြီး 3နှစ် စင်ကာပူမှာ အလုပ်လုပ်မယ်ဆိုပြီး Service Obligation ပါထိုးရင် Semester တစ်ခုကို စင်ကာပူ ၂၀၀၀ထောင်နီးပါး လောက်ပဲပေးရမယ်။
Part Time ဆိုရင်တော့ Bank Loan မရဘူး။ လက်ရှိ Singapore မှ အလုပ်လုပ်နေကြောင်း ပြောနိုင်မှ Part Time တက်လို့ရမယ်။
မြန်မာပြည်က စလျှေက်တဲ့ သူအားလုံး Full Time ပဲလျှောက်ကြတယ်။

dissertation နဲ့ coursework ..ခြားနားချက်..!
ဒါကတော့ course ပေါ်မူတည်တယ်။
ဥပမာ.. MSc (digital media technology) ဆိုရင် coursework နဲ့ dissertation နှစ်ခုလုံး လုပ်ရတယ်။ ရွေးပိုင်ခွင့်မရှိဘူး။
MSc (Info Studies) တို့ MSc (Info System) တို့ဆို ရွေးလို့ရတယ်။ coursework ကြီးပဲဆို subject (၁၁)ဘာသာ ယူရမယ်။ coursework နဲ့ dissertation တွဲချင်ရင် . . subject (၉)ဘာသာ + dissertation လုပ်ရမယ်။ dissertation ဆိုတာ UCSY က thesis နဲ့အတူတူပါပဲ။ dissertation တနည်း thesis က Semester ၂ခုနဲ့ ပြီးအောင် လုပ်လည်းရတယ်။ ၃-၄ ခုနဲ့ ပြီးအောင် လုပ်လည်းရတယ်။

သတိထားစရာ အချက်လေးတွေက တော့
* တစ်ချို့ course တွေက bank loan မရဘူးဗျ...အဲ့တော့ ကိုယ်လျှောက်မယ့် course က loan ရမရ အရင် စုံစမ်းပေါ့။
* ကိုယ်နဲ့ ကိုက်ညီ ..လိုက်နိုင်မယ့် course major ကို ရွေးလျှောက်ပေါ့ ..စာပိုလိုက်နိုင်တော့ပေါ့။
* Master လျှောက်ကြသော် သယ်ရင်းများ အားလုံး ဆန္ဒပြည့်ဝ တက်ရောက်နိုင်ပါစေသောဝ်. . .
* ဒီမှာ link လေးတွေပေးထားတယ်.. visit ကြည့်ပေါ့...:)

The following programme(s) are open for application :
Please visit this link :: http://wis.ntu.edu.sg/webexe/owa/pgr$adm_main_opt2.notice

Graduate Programmes By Coursework
http://www.ntu.edu.sg/collegesandprogrammes/graduate/Pages/ByCourseworkDissertation.aspx

After sending the online application, print out the completed application form and Acknowledgement Slip.
You have to send these with the supporting documents.
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Senddocuments.aspx

Submission of Online Application:
http://wis.ntu.edu.sg/webexe/owa/pgr$adm_main_opt2.applformMain

Pay Application Fee
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Payapplicationfee.aspx

Check Application/Result Status
Please visit this link :: http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applicationresult.aspx

Tuition Fees of Coursework Programmes AY2008-2009
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/TuitionFeesofCourseworkProgrammesAY2008-2009.aspx

Service Obligation
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/ServiceObligation.aspx

InformationStudies
http://www3.ntu.edu.sg/sci/graduate/information_studies.html

Admission
http://www3.ntu.edu.sg/oas2/nanyangbulletin/GNB0809/admissions.html

OnlineApplication
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx

BeforeUApply
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/Fees.aspx

CourseWorkAdmissions
http://admissions.ntu.edu.sg/graduate/coursework/Pages/default.aspx

Check ur Application Status
https://wis.ntu.edu.sg/webexe/owa/pgr$adm_inquiry.main

# Apply #
http://wis.ntu.edu.sg/webexe/owa/pgr$adm_main.applformMain

###
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx
http://wis.ntu.edu.sg/webexe/owa/pgr$adm_main.notice

InformationStudies
http://www3.ntu.edu.sg/sci/graduate/information_studies.html

Admission
http://www3.ntu.edu.sg/oas2/nanyangbulletin/GNB0809/admissions.html

OnlineApplication
http://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applyonline.aspx

Period
http://admissions.ntu.edu.sg/graduate/coursework/Beforeyouapply/Pages/Applicationperiod.aspx

Check Status
https://admissions.ntu.edu.sg/graduate/coursework/Whenyouapply/Pages/Applicationresult.aspx

Here is the address to accept offer.
http://wis.ntu.edu.sg/webexe/owa/pgr$acceptance_offer.main

Here is the address to accept offer.
http://wis.ntu.edu.sg/webexe/owa/pgr$acceptance_offer.main

after acceptance, you can check your status at
http://wis.ntu.edu.sg/webexe/owa/pgr$adm_acceptform.main

Regarding to school hostel, check at this address:
http://wis.ntu.edu.sg/pls/webexe88/GAS_APPL_STUDENT.OnlineApplPrompt

Tuesday, January 12, 2010

ရက်စက်တာလား..၊ မိုက်မဲတာလား...။


ဖြစ်စဉ် (၁)

တစ်ခါက

ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲကျခါနီး ဖြစ်နေတယ်.။
အရှိန်ကလည်း ဘယ်လိုမှ ထိန်းမရတော့.။ ကားပေါ်မှာ ကားမောင်းနေတဲ့ မိခင်နဲ့
သူ့သားလေးပဲ ပါတယ်.။ ကလေးက အခုမှ နှစ်နှစ်သားလေး.။ ဘယ်လိုမှ ကားကို
အရှိန်လျှော့မရတဲ့ အဆုံး သူ့သားလေးကို ကားထဲမှာ ရှိတဲ့ အဝတ်တွေနဲ့
ထုပ်ပြီး ကားပေါ်က ပစ်ချလိုက်တယ်.။ ဒီလို သူလည်း သူ့သားလေးကို ကားပေါ်က
ပစ်ချလို့လည်း ပြီးရော..သူ့ကားကတော့ အရှိန်မထိန်းနိုင်တော့ပဲ.. ။
ချောက်ထဲကို ထိုးကျသွားခဲ့တယ်.။ ဒီလို သူထိုးကျသွားတာကို ကားလမ်းမှာ
ရှိနေတဲ့ ကားပေါ်က လူတွေလည်း မြင်လိုက်ကြရတယ်.။
သူ့ကလေးလေးကို ကားပေါ်ကနေ အဝတ်နဲ့ ထုပ်ပြီး ကားလမ်းမပေါ်
လွှင့်ပစ်ခဲ့တာဟာ သူ ရက်စက်တယ် လို့ ဆိုမလား.။



ဖြစ်စဉ် (၂)

ဒုတိယကမ္ဘာစစ်ပွဲတွင် ဖြစ်သည်.။

ဂျာမနီ၏ လေယာဉ်များက ပြင်သစ်ပြည်သို့
အဆက်မပြတ်ဗုံးတွေကြဲနေသည်. ။ လူတွေအားလုံး ကလည်း ကြောက်လန့်တကြား
ဗုံးခိုကျင်းထဲသို့ ဝင်ပြီး ခိုလှုံနေကြတယ်.။ ဒီနေရာသာ သူတို့ အတွက်
အလုံခြုံဆုံး နေရာ မဟုတ်လား.။ ဂျာမန်လေယာဉ်တွေ ပျံလာသံကြားရင်
ဥသြတွေဆွဲတယ်...ဒါဆို လူတွေ အားလုံး ဗုံးခိုကျင်းထဲသို့ ပြေးဝင်ကြတယ်.။
ဂျာမန်လေယာဉ်တွေ စိတ်ကြိုက်ဗုံးကြဲလို့ ပြီးလို့ ဥသြသံတွေ ပြန်ထွက်လာမှ
သူတို့ ဗုံးခိုကျင်းထဲက ထွက်ရဲကြတယ်.။
ဖြစ်ချင်တော့ တစ်နေ့ဂျာမန်လေယာဉ်တွေ ဗုံးလာကြဲလို့ ဥသြသံတွေ
ကြားတော့ လူတွေ အားလုံး ဗုံးခိုကျင်းထဲသို့ ပြေးဝင်ကြတယ်.။
ဗုံးခိုကျင်းထဲမှာ လူပေါင်းစုံ ၊ ဗုံးခိုကျင်းထဲကို တကယ်လို့
ရန်သူရောက်လာပြီး ရန်ပြုမှာ စိုးလို့ တော်လှန်ရေးတပ်သားတချို့လည်း
ရှိတယ်.။ ဥသြသံကြားလို့ လူတွေအားလုံး ဗုံးခိုကျင်းထဲ ပြေးဝင်လာကြချိန်မှာ
အပြင်မှာ ဗုံးတွေ ကြဲချနေသံကို ကြားနေရပြီ.။ ဒီအချိန်မှာ
ဗုံးခိုကျင်းထဲကို လူတစ်ယောက် နောက်ကျပြီး ကမန်းကတမ်းပြေးဝင်လာတာ
တွေ့လိုက်ရတယ် ။ ပြင်သစ်နိုင်ငံသား တစ်ဦးပါပဲ.။ ဒါပေမဲ့ ..သူကလည်း
ကမန်းကတမ်းဝင်လာတာ ဆိုတော့ ဗုံးခိုကျင်း တံခါးကို လုံအောင် မပိတ်ခဲ့ဘူး.။
အားလုံးကလည်း ဘယ်သူ့မှ သူ့ကို အပြစ်မတင်နိုင်ဘူး.။ ဗုံးတွေက
အပြင်က ကြဲနေပြီကိုး.။ ကံမကောင်းချင်တော့ နောက်ဆုံး ဒီလူ ဗုံးခိုကျင်းထဲ
ဝင်သွားတာကို ဂျာမန်စစ်သားတစ်ယောက်က တွေ့လိုက်တယ်.။ ဒီတော့ သူက
လက်ပစ်ဗုံးတစ်လုံးကို စနစ်တံဖြုတ်ပြီး ဗုံးခိုကျင်းထဲကို
ပစ်ထည့်လိုက်တယ်.။ လက်ပစ်ဗုံးတစ်လုံး ဗုံးခိုကျင်းထဲကို လိမ့်ကျလာတာ
အားလုံးမြင်လိုက်ရတယ်.။ ဘယ်နေရာမှာ သူတို့မှာ ရှောင်စရာ မရှိဘူး.။
အစုလိုက် ၊ အပြုံလိုက် သေရမဲ့အဖြစ်.။
ဒီအချိန်မှာ မမျှော်လင့်ပဲ ..။ တော်လှန်ရေးတပ်သားလေး
တစ်ယောက်က လက်ပစ်ဗုံးပေါ်ကို မှောက်ပြီးလှဲအိပ်လိုက်တယ် .။ လက်ပစ်ဗုံးကို
ကောက်ပြီး အပြင်ကို ပြန်ပစ်ဖို့ အချိန်မရှိတာ သူသိနေတယ်လေ.။ ဒါကြောင့်
ဗုံးပေါက်ကွဲလို့ အားလုံးထိမှာကြောင့် လက်ပစ်ဗုံးပေါ်ကို သူခန္ဓာကိုယ်ကို
လှဲချလိုက်တယ်.။ နောက်တော့ အားလုံးကိုယ်စား သူ အသက်ဆုံးရှုံးသွားတယ်.။

ဒီရဲဘော်လေးကို မိုက်မဲတယ် လို့ ခေါ်မလား..။



ဖြစ်စဉ်(၃)


အရမ်းတော်တဲ့ သွားစရာဝန်ကြီး တစ်ဦးရှိတယ်.။ သူက
စည်းကမ်းကြီးတယ်.။ သွားလာပြတဲ့ သူတွေကို သွားပြမဲ့ သူကလွဲလို့
ဘယ်သူ့ကိုမှ အဝင်မခံဘုး..။ အသက်ကြီးကြီးငယ်ငယ်.မည်သူမှ မဝင်ရ..။ သူက
အတွေ့အကြုံအရမ်းများတော့ မှားတယ် လည်း မရှိပါဘူး.။ လူတွေ အားလုံးကလည်း
ယုံကြည်ကြတယ်.။
တစ်နေ့ ဖြစ်ချင်တော့ သူ့ဆီမှာ ကလေးတစ်ယောက်
အံသွားလာနုတ်တယ်.။ ဒါကို ကလေးအမေက အပြင်ကနေ နေမထိ ထိုင်မသာ ဖြစ်နေတယ်.။
သူ့ကလေးကို စိုးရိမ်နေတာလေ.။ ဒါနဲ့ ကောင်တာက ဆရာဝန်ကြီး အကူ နပ်စ် က
ဆေးယူဖို့ အနောက်ဖက်ထွက်သွားတုန်း သူက ဆရာဝန်ကြီးရဲ့ ဆေးကုခန်း
(သွားနှုတ်ခန်း) ထဲကို ဆရာဝန်ကြီး မသိအောင် အသာလေးဝင်သွားတယ်.။
ဆရာဝန်ကြီးကလည်း ကလေးသွားကို ကုန်းနုတ်နေတာ ဆိုတော့
သူဝင်လာတာကို မတွေ့ရဘူး.။ မသိလိုက်ဘူး.။ ဒီမှာ သူ့ကလေးပါးစပ်ထဲက သွားကို
ဆရာဝန်ကြီး နုတ်နေတာကို သူတွေ့လိုက်ရတယ်.။ သှူု့ကလေးပါးစပ်ထဲမှာ
သွေးတွေထွက်နေတာ မြင်မကောင်းဘူး.။ ဒါကို မြင်တော့ သူ သွေးကြောင်ပြီး
မျက်နှာတွေ ဖြုရော်လာပြီး သတိလစ်ချင်သလို ဖြစ်သွားတယ်.။ နောက်..လူက
ယိုင်ပြီး ဆရာဝန်ကြီးရဲ့ ဆေးဘီဒိုနဲ့ တိုက်မိသွားတယ်.။ ဒီတော့မှ
ဆရာဝန်ကြီးက သူဝင်လာတာကို သိလိုက်ရတယ်.။
သိလိုက်ရရချင်းပဲ ဆရာဝန်ကြီးလုပ်လိုက်တာက ဒီမိန်းမကို
ပါးပိတ်ရိုက် လိုက်တာပဲ.။ ဒီတော့ ပြဿနာတွေ တော်တော် တတ်သွားတယ်.။
တော်တော်လည်း ရှင်းလိုက်ရတယ်.။ အားလုံးကလည်း ဆရာဝန်ကြီးက မောက်မာတယ်.။
ရိုင်းစိုင်းတယ်.။ ရက်စက်တယ် လို့ ပြောကြတယ်.။ ညရောက်တော့ ဆရာဝန်ကြီးက
သူ့ဒိုင်ယာရီထဲမှာ ဒီလို ရေးတယ်.။

“ ကျွန်တော့် ဆေးကုခန်းထဲကို အပိုလူတွေ မဝင်စေချင်တာက..။
သွားဆိုတာ အနုတ်ခံနေရသူက မမြင်ရဘူးလေ..။ ဘေးက အဖော်က မြင်နေရတော့
ထွက်နေတဲ့ သွေးတွေကို မြင်ပြီး မူးတတ်ကြတယ်လေ.။ ဒါကြောင့်
ကျွန်တော့်ဆေးခန်းထဲမှာ သွားနုတ်သူကလွဲရင် ဘယ်သူ့ကိုမှ မရှိစေချင်တာပါ.။
ဒီနေ့လည်း တစ်ယောက် ဝင်လာတယ်.။ နောက်..သူမြင်ပြီး မူးလာတယ်..
မေ့လဲတော့မယ်.။ ဒါကြောင့်..သူ့ကို စိတ်လှုပ်ရှားပြီး စိတ်ပြောင်းသွားအောင်
ပါးလှမ်းရိုက်လိုက်ရပါတယ်. ။ ဒါမှ သူ စိတ်ပြောင်း သွားပါတော့တယ်.။ ဒါပေမဲ့
.. ကျွန်တော့်ကိုတော့ ဘယ်လို ထင်သွားမလဲ မသိပါဘူး.။ ဒါဟာ
သူ့အတွက်လုပ်တာပါ..။ ”

ဒီဆရာဝန်ကြီးကို ရက်စက်တယ် လို့ ခေါ်မလား..။



ဖြစ်စဉ်(၄)

အဆိပ် ရှာဖွေ တွေ့ရှိသူတွေ အကြောင်း ကျွန်တော်
ဖတ်လိုက်ရတယ်.။ အဆိပ်ကို ငါ ရှာဖွေ တွေ့ရှိပြီ ဆိုရုံနဲ့ သူတို့
ဒီအဆင့်မှာ ရပ်မထားခဲ့ပါ.။ ဥပမာ အနေနဲ့ စိန်အဆိပ်အကြောင်း ကျွန်တော်
ပြောပြမယ်.။
စိန်အဆိပ်ကို ရှာဖွေတွေ့ရှိသူဟာ.စိန်အဆိပ်အြေ ကာင်းကို အားလုံး
လေ့လာတယ်.။ အရမ်းကို ပြင်းထန်တဲ့ အဆိပ်.။ စိန်ကို စားဖို့ နေနေသာသာ
အဆိပ်ကို သံပုရားသီးညှစ်ပြီး ထွက်လာတဲ့ အငွေ့လေးကို ရှူလိုက်တာနဲ့တင်
တုံးခနဲ့လဲကျ သေသွားနိုင်တယ်.။ စိန်အဆိပ်ရဲ့ ဖြစ်ပေါ်လာပုံ ၊ အရောင်အသွေး
၊ အနံ့ ၊ အရသာ ..........၊ ဒီမှာ အရသာဆိုတာက နောက်သလို ဖြစ်နေပြန်ရော..။
အဆိပ်ပါဆိုမှ ဘယ်လိုလုပ် အရသာကို သိမလဲ .။ မဟုတ်ပါ.။
တီထွင်လေ့လာသူဆိုတာ ဒါတွေက အစ မှတ်တမ်းတင်ရပါတယ်.။ ဒါနဲ့ စိန်ကို
ပထမဦးဆုံးတွေ့ရှိသူဟာ.စိန်အဆိပ်ရဲ့ အရသာကို မှတ်တမ်းတင်ဖို့
စိန်အဆိပ်ကို သူ့လျှာပေါ်တင်ရုံပဲ ရှိသေးတယ်..။ သူဟာ ဘာမှ
မရေးလိုက်နိုင်ဘူး.။ လဲကျသေဆုံးသွားတယ်.။ ဒါနဲ့ပဲ ၇ နှစ်လောက်ကြတဲ့ အထိ
စိန်အဆိပ်ရဲ့ အရသာကို ဘယ်သူမှ မှတ်တမ်းမတင်နိုင်ခဲ့ဘူး.။
နောက်မှ ပညာရှင် တစ်ဖွဲ့က မပြည့်စုံသေးတဲ့
စိန်အဆိပ်မှတ်တမ်းကို ဖြည့်ဖို့ သူတို့ကိုယ်ကို စတေးပြီး စိန်အဆိပ်ရဲ့
မှတ်တမ်းကို ဖြည့်မယ် လို့ ကြေငြာခဲ့တယ်.။ ဒါနဲ့ ပြင်းထန်တယ် ဆိုတာ
သိတော့..စမ်းသပ်သူတစ်ယောက် က ပါးစပ်နားကို စိန်အဆိပ်မရောက်ခင် ဘောပင် နဲ့
စာရွက်လေးကို အသင့်ပြင်ထားတယ်.။ နောက်တော့ လျှာပေါ်ကို စိန်အဆိပ်ကို
တင်ပြီး အရသာရတာနဲ့ ချက်ချင်းရေးဖို့ ပြင်လိုက်တယ်.။ ဒါပေမဲ့..သူ S.w
ဆိုတဲ့ စာလေးနှစ်လုံးပဲ ရေးပြီး သေသွားခဲ့ရတယ်.။
ဒါနဲ့ သူတို့ အဖွဲ့ထဲက နောက်တစ်ယောက်က သူစမ်းသပ်သွားတာ S.w
ဆိုတော့ ဘာအဓိပ္ပါယ်မှန်းလည်း မသိဘူးလေ.။ ဒါကြောင့် သူက ဆက်ပြီး
စမ်းသပ်ဖို့ ပြင်ဆင်တယ်.။ ဒီမှာ သူကလည်း ပါးစပ်ထဲကို စိန်အဆိပ် မထည့်ခင်
ဟိုတစ်ယောက်ရေးထားတဲ့ စာမှာ ဆက်ရေးဖို့ လက်ကို အသင့်ပြင်ထားလိုက်တယ်.။
နောက်တော့ စိန်အဆိပ်ကို လျှာပေါ်တင်ပြီး အရသာရတော့ သူ ဆက်ရေးတယ်.။ E. E
တဲ့.။ ဒါလည်း ပြီးရော..။ သူလည်း လဲကျသေဆုံးသွားတယ်.။ ဒီတော့ ရသမျှ စာတွေ
ဆက်စပ်ရေးထားတာကတော့ S.w.e.e ဖြစ်နေပြီ..။ ဒါပေမဲ့ ဘာမှန်းလည်း မသိသေး။
ဒီတော့ နောက်တစ်ယောက်က သူတို့ လူနှစ်ယောက်လည်း
အသက်ပေးသွားရပြီလေ.။ သူဆက်လုပ်မယ် ဆိုပြီး ပြင်တယ်.။ ဒီမှာ အားလုံးသော
ပြည်သူလူထုတွေကလည်း ကန့်ကွက်ကြတယ်.။ ဘာမှ မဟုတ်တဲ့ အဆိပ်လေး တစ်ခုရဲ့
အရသာကို သိရဖို့ လူ့အသက်တွေသေနေရတယ်ပေါ့.။ ဆက်မလုပ်ကြပါနဲ့တော့လို့
ကန်ကွက်ကြတယ်.။ ဒါပေမဲ့ ပညာရှင်တွေက မရပ်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ
နောက်တစ်ယောက်က ဆက်ပြီး စိန်အဆိပ် အရသာကို သိရဖို့ ပြင်တော့တယ်.။ သူလည်း
လျှာပေါ် စိန်အဆိပ်မတင်ခင် အရင်လူတွေ ရေးထားတဲ့ နေရာမှာ ဆက်ရေးဖို့ လက်ကို
ပြင်ထားလိုက်တယ်.။ နောက်တော့ စိန်အဆိပ်ကို လျှာပေါ်လည်းတင်ပြီး
အရသာကိုလည်း သိရော..။ သူ T ရယ်....နောက်ကနေ အပိတ်မျဉ်းလေးရယ် ကို တားပြီး
လဲကျသေဆုံးသွားခဲ့တယ်.။
ဒီတော့မှ လူတွေ အားလုံးလည်း စိန်အဆိပ်ရဲ့ အရသာကို
လူအသက် ၄ သက်နဲ့ ရင်းပြီး သိလိုက်ကြရတယ်.။ အဲဒါကတော့ S.w.e.e.t ( ချိုတယ်
) ဆိုတဲ့ အရသာပါပဲ.။ စိန်အဆိပ်ဆိုတာ ချိုတယ် ဆိုတဲ့ အရသာ ရှိတယ် ဆိုတာကို
လူ့အသက် ၄ ယောက်နဲ့ သုတေသနပြုသွားတာပါ.။ ဒီနောက်မှာတော့ စိန်အဆိပ်ရဲ့
အရသာကို ဘယ်သူမှ ထပ်ပြီး မစမ်းသပ်ကြတော့ပါဘူး.။
ဒီလို ကိုယ်သိချင်တာကို သိဖို့ ...အားလုံးကို
သိစေချင်တာ သိရဖို့ သူတို့ အသက်ကို ရင်းတာကို မိုက်မဲတယ် လို့ ခေါ်မလား..။

Wednesday, January 6, 2010

အသစ်တင်တိုင်း မေးလ်ပို့ပေးပါမည် .
သင့် Email လိပ်စာသာ ထားခဲ့ပေးပါ