Monday, July 6, 2009

စင်္ကာပူမှာ နေသူများ.. .. ..

ခင်ဗျား အခု စင်္ကာပူမှာ နေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကိုသန့်စင် (treatment) လုပ်ထားတဲ့ရေတွေလား” အဲဒီလို တစ် ယောက်ယောက်ကမေးလာရင်ဘယ်လို ဖြေမလဲ။ စလုံးမှာ ရေရှားတယ်ဆိုတာ (ရေ အရင်းအမြစ်ရှားတာပါ..ပိုက်ပိုက်တတ်နိုင်ရင်ကြိုက်သလောက်သုံးလို့ရတယ်နော် ..) အားလုံးသိကြပါတယ်။ ရေအများစုကိုမလေးရှားကနေ ဝယ်ရပါတယ်။ မလေးရှားနဲ့ ၂၀၁၁ အထိ စာချုပ်ချုပ်ထားပါတယ်။
စင်္ကာပူမှာ ရေရနိုင်တဲ့ အရင်းအမြစ်ကြီးလေးခု ရှိပါတယ်။ အဲဒါတွေကတော့ (1)local Catchments (2) Johor Water (3) Desalted Water (4) NEWaterတို့ပါပဲ။ အဲဒီထဲက ထူခြားတဲ့ NEWater အကြောင်းပြောချင်ပါတယ်။ NEWaterဆိုတာကတော့ စွန့်ပစ်ရေ ကိုပြန်သန့်စင်ထားတဲ့ ရေပါ။ အဲဒီလိုစွန့်ပစ်ရေတွေကို ပြန်သန့်စင်ထားတဲ့ရေကို ကမ္ဘာမှာ စင်္ကာပူက စတင်သတ်မှတ်ခေါ်တာကတော့ NEWater လို့ခေါ်ပါတယ်။
စင်္ကာပူ ရေအရင်းအမြစ်ကြီးလေးခု
စွန့်ပစ်ရေ တွေကို သန့်စင်တဲ့ စက်ရုံလေးရုံ အခုလောလောဆယ် စင်္ကာပူလည်ပတ်နေပါတယ်။ အဲဒါတွေကတော့ Bedok, Kranji, Ulu Pandan and Seletar WaterReclamation Plants တို့ပါပဲ။ ၂၀၀၈ ဧပြီလမှ စတင်တည်ဆောက်တဲ့ Changi WaterReclamation Plant ဟာ လုံးဝ ပီးစီးသွားရင် အကြီးဆုံးဖြစ်လာမှာ ဖြစ်ပီးအဲဒီစက်ရုံကနေ တစ်နေ့ကို ရေဂါလံ ၅၀မီလီယံ ဂါလံဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။
စွန့်ပစ်ရေကို သန့်စင်တဲ့နည်းကတော့ အကြမ်းဖျင်းပြောရရင် စွန်ပစ်ရေတွေကိုtanks ကြီးတွေနဲ့ စုပါတယ်။ အဲဒီစုထားတဲ့ ရေဆိုးတွေကို ဖစ်တာတွေနဲ့စစ်ပါတယ်။ အဲဒီလိုစစ်ထုတ်လိုက်တဲ့ အခါမှာ အညစ်အကြေးတွေနဲ့ ရေဟာကွဲပြားသွားပါတယ်။ အညစ်အကြေးတွေကို သတ်သတ် tank တွေနဲ့ စုပါတယ်။ ဖစ်တာကိုဖြတ်သွားတဲ့ရေတွေကို RO နည်းနဲ့ထပ်မံသန့်စင်ပါတယ်။
အဲဒီလို နည်းအဆင့်ဆင့်နဲ့ သန့်စင်လိုက်တဲ့ အခါ ရေဟာ လုံးဝနီးပါးသန့်စင်လိုက်တဲ့ ရေကို ရရှိပါတယ်။ ဖစ်တာကို ဖြတ်မသွားတဲ့ အညစ်အကြေးတွေကိုtank တွေနဲ့ စုထား။ digester တွေမှာသိုလှောင်ကာ ဓါတ်ငွေ့ ထုတ်ပါတယ်။ရရှိလာတဲ့ ဓါတ်ငွေကိုတော့ plant က စက်တွေလည်ပတ်ဖို့လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ သုံးပါတယ်။
နောက်ဆုံး ဘာမှသုံးမရတော့တဲ့ အညစ်အကြေးတွေကို အပင်တွေ စိုက်ပျိုးဖို့မြေသြဇာအနေနဲ့ သုံးပါတယ်။ ဒါကတော့ sewage water တွေကို သန့်စင်တဲ့နည်းလမ်းအကြမ်းဖျင်းပါ။
Water Reclamation Plant တစ်ခု၏ အစိတ်အပိုင်းတစ်ချို့
အဲဒီလို စွန့်ပစ်ရေကို ပြန်သန့်စင်လို့ ရလာတဲ့ရေ အများစုကိုစက်မှုလုပ်ငန်းတွေမှာ သုံးးပါတယ်။ သောက်သုံးရေအဖြစ်မသုံးဘူးလား ဆိုတော့ဟုတ်ကဲ……..သုံးပါတယ်။ သောက်ပါတယ်။ ဟိဟိ။
စွန့်ပစ်ရေတွေကို RO နည်းနဲ့ သန့်စင်လိုက်တဲ့ အခါမှာ ရေမှာပျော်ဝင်နေတဲ့Mineral အကျိုးပြု ဓါတ်သတ္တုတွေ အကုန်လုံးနီးပါးဟာ ဖယ်ရှားခံလိုက်ရပါတယ်။ဒါကြောင့် စွန့်ပစ်ရေကို သန့်စင်လို့ ရရှိတဲ့ ရေ (NEWater) ကိုသဘာဝရေတွေနဲ့ ရောပီး သုံးပါတယ်။ အဲဒါကိုတော့ အခုကျတော်သောက်နေသုံးနေတဲ့ရေ pub ရေ (portable water) လို့ခေါ်ပါတယ်။ ဘယ်လောက်ပမာဏလဲဆိုတော့ အခု ကျတော်တို့ သောက်နေ၊ သုံးစွဲနေတဲ့ ရေရဲ့ ၁ရာခိုင်နှုန်းပါ။နောက်ပိုင်းဆို ၂.၅ ရာခိုင်နှုန်း အထိတိုးဖို့ရှိပါတယ်။
အဲဒီအိမ်သာရေလို့ အလွယ်ခေါ်တဲ့ စွန့်ပစ်ရေကနေ သန့်စင်လို့ ရရှိတဲ့ ရေဟာလုံးဝ ရေသန့်နီးပါသန့်စင်ပါတယ်။ ဒါဆို ကျတော်တို့ စွန့်ပစ်ရေကို ဘာလို့ဒါရိုက်မသောက်တာလဲ။ ဟုတ်ကဲ ဘာလို့လဲဆိုတော့ လူတွေ စိတ်ထဲမှာ အိမ်သာရေကိုပြန်သောက်တယ်၊ သုံးတယ်လို့ စွဲသွားမှာဆိုးတာက တစ်ချက်။ နောက်တစ်ချက်ကအကျိုးပြု ဓါတ်သတ္တုတွေ (mineral) တွေ မပါတော့တာကြောင့်ပါ။

“ခင်ဗျား အခု စင်္ကာပူမှာနေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကိုသန့်စင်(treatment) လုပ်ထားတဲ့ရေတွေလား” ကဲ တစ်ယောက်ယောက်ကမေးလာရင်ဘယ်လို ဖြေမလဲ။“ဟုတ်ကဲ သောက်လဲသောက်ပါတယ်..မသောက်လဲ မသောက်ပါဘူးပေါ့..”တရားဝင်ကြေငြာထားတာကတော့ ၂.၅ ရာခိုင်နှုန်းပဲ။ ဒီထက် ဘယ်လောက်ပိုတယ်မပိုတယ်ဆိုတာကတော့ ပုလုကွေးလဲ မသိ။“ကဲ ရေးရတာ ပင်ပန်းတယ်ဗျာ အိမ်သာရေ(စွန့်ပစ်ရေ) တွေကိုသန့်စင်ထားတဲ့ရေတွေ ရောထားတဲ့ရေ တစ်ခွက်လောက် သောက်လိုက်အုံးမယ်ဗျာ… ဂလုဂလု ဂွတ်”
(ဒီစာဖတ်ပီးလို့ စင်္ကာပူမှာနေပီး ရေသောက်ရတာ စိတ်ညစ်သွားရင် ပုလုကွေးနဲ့မဆိုင် ရုံသာမက forward လုပ်သူနဲ့လည်းမသက်ဆိုင်ပါ... စာဖတ်သူနဲ့သာသက်ဆိုင်ပါကြောင်း)

No comments: